အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်  ဆရာ၊ ဆရာမများ နှင့် ပညာရေး ဝန်ထမ်း ၁၂ ဦး သေဆုံး၊ ၁၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့

Wednesday, November 17, 2021 - 15:45

 

နေပြည်တော်၊ နိုဝင်ဘာ - ၁၇

          မြန်မာနိုင်ငံ၌ ဆရာ၊ ဆရာမများအပေါ် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရိုသေလေးစားမှုရှိစွာဖြင့် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှုတစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေး အနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမ များသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံ သာမက အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေ သူများ ဖြစ်ပါသည်။   

ထိုကဲ့သို့ အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား မိမိတစ်ပါတီ ကောင်းစားရေးကိုသာ ရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေး အစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊ NUG ၊ CRPH နှင့် PDF စသည့်အဖွဲ့များသည် ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် Social Punishment ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်ခြင်းများအပြင် ကလေးငယ်များ ပညာသင်ကြားရေးကို အခက်အခဲ ဖြစ်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကို မိုင်းများ၊ လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ၊ ဆရာ၊ ဆရာမများကို စာပေသင်ကြားမှုမပြုနိုင်စေရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်း များ လုပ်ဆောင်လျက်ရှိသောကြောင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းများသာမက အချို့ အသက်သေဆုံးသည်အထိ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စဉ်ဖြစ်ရပ်များ ဖြစ်ပေါ် ခဲ့ရပြီး အကြမ်းဖက်အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဆရာ၊ ဆရာမ နှင့် ပညာရေး ဝန်ထမ်း စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-