နေပြည်တော်၊ မတ် - ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး (ကုတင်-၅၀၀)အား ခေတ္တပိတ်ထားရာမှ ပြန်လည်ဖွင့်လှစ်ရန်အတွက် ဆေးရုံအုပ်ကြီး ဒေါက်တာ စောဘိုဇော်ဝင်း ဦးစီး ကျန်းမာရေးဝန်ထမ်း ၂၀ ဦးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ဆေးရုံ ၌ ပြန်လည်တာဝန်ထမ်းဆောင်နေစဉ် ဆေးရုံပြန်လည်ဖွင့်လှစ်မှုကို မလိုလားသည့် ဆူပူဆန္ဒပြသူ လူတစ်စုက ဆေးရုံအတွင်းသို့ ဝင်ရောက်လာပြီး ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများအား အတင်းအဓမ္မပိတ်ပင်းတားဆီးခြင်းများ ဆောင်ရွက်ခဲ့သည်။







