ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၂၉
ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၂၉
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ
နေပြည်တော်၊ ဩဂုတ်- ၂၉
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
မိုင်းထောင်ဖောက်ခွဲအကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ခဲ့သူများအား လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ် ၂၉
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ “လရိပ်ချို” တည်းခိုခန်း၌ ဖောက်ခွဲရေး သမားများရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အောင်မင်းသူ(ခ) ကိုသူ၊ ဇင်မင်းကျော်၊ ဇင်မင်းကို တို့အား ပစ္စတိုသေနတ် ၂ လက်၊ ကျည်မျိုးစုံ ၃၈ တောင့်၊ ကျည်အိမ် ၃ ခု တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆူပူအကြမ်းဖက်သူ လူအုပ်စုများအနေဖြင့်
နေပြည်တော်၊ ဩဂုတ်- ၂၈
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
နေပြည်တော် ဩဂုတ်- ၂၈
ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ် အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ် ၂၇ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် နန်းတော်စစ်ဆေးရေး ဂိတ်မှ အမျိုးသား ၂၆၄ ဦး၊ အမျိုးသမီး ၂၀၁ ဦး၊ စုစုပေါင်း ၄၆၅ ဦးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်စစ်ဆေးရေးဂိတ်၊ ရန်လုံကျိုင်းတံတားမှ အမျိုးသား ၁ ဦးတို့ကို အသီးသီးလက်ခံခဲ့သည်။
နေပြည်တော်၊ ဩဂုတ်- ၂၈
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
နေပြည်တော်၊ ဩဂုတ်- ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀) ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ
ရက်စွဲ။ ၂၈-၈-၂၀၂၁
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်း ဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ (၂,၀၀၀,၀၀၀)သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၂၈-၈-၂၀၂၁)ရက်နေ့ ညနေ (၄:၂၅)နာရီတွင် ရောက်ရှိသည်။ အဆိုပါကာကွယ်ဆေး များကို ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပြီး ရန်ကုန်မြို့ ဗဟိုကာကွယ်ဆေးသိုလှောင်ရုံ၌ ထားရှိသည်။ (၂၉-၈-၂၀၂၁) ရက်နေ့ မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ) ၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူလူထုအား အမြန်ဆုံး ထိုးနှံသွားမည်ဖြစ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်နေသည့် PDF အဖွဲ့ဝင်များအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ်လ ၂၈
အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ဆူပူမှုဖြစ်ပွားစေရန် လူမှုကွန်ယက် စာမျက်နှာ ပေါ်၌ ရေးသားလှုံ့ဆော်သူ ဇော်နိုင်ဦး အား အတွင်းပဒံကျေးရွာ၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ဇော်နိုင်ဦး၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၀ ရက်တွင် ထန်းတပင်မြို့နယ်၊ အစုကြီးကျေးရွာ၌ ရဲထွန်းတောက်နှင့် ကြည်ပြာဝင်းတို့ ၂ ဦး အားလည်းကောင်း၊ ဩဂုတ်လ ၁၁ ရက်တွင် လှိုင်သာယာ(အရေှ့ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၌ တင်ဝင်းလှိုင်၊ အောင်လေး၊ လှိုင်မိုးဝင်း နှင့် ဝိုင်းချစ်သူတို့ ၄ ဦးအား လည်းကောင်း၊ ထန်းတပင်မြို့နယ်၊ ရေတလိကျေးရွာ၌ သားဇော်၊ ခင်မျိုးဦး နှင့် တင့်ဝေ တို့ ၃ ဦးအား လည်းကောင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ အင်္ဂလုံးကျေးရွာ၌ ရဲသွေး၊ နိုင်ဝင်းနှင့် အေးကိုကိုအောင် တို့ ၃ ဦးအား လက်လုပ်ဗုံး ၄၃ လုံးဖြင့်လည်းကောင်း၊ တင်ဝင်းလှိုင် ၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၁၂ ရက်တွင် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၌ ဟိန်းသီဟ အားလည်းကောင်း၊ တရားခံများ၏ ထွက်ဆိုချက်အရ ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာ အရှေ့ဘက်ရှိ ကုလားကြီး (ဖမ်းဆီးရန်ကျန်)၏ လယ်တဲ၌ ဖောက်ခွဲ ရေးပစ္စည်းများ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ပြုလုပ်ဆဲ လက်လုပ်သေနတ်များ၊ လက်လုပ်မိုင်း ၃ လုံးနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။