နေပြည်တော်၊ နိုဝင်ဘာ - ၆
COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့် စားရေးအခက် အခဲမရှိစေရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ပဲ အမယ်(၃)မျိုးကို နိုဝင်ဘာ ၅ ရက်တွင်တပ်မတော်သား များက လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။