ဖောက်ခွဲဖျက်ဆီးရေးသင်တန်းတက်ရောက်ကာ အဖျက်အမှောင့်လုပ်ရပ်များ ဆောင်ရွက် နေသည့် ကျော်ဇင်ထွန်း(ခ)သေတ္တာအပါအဝင် ဆက်စပ်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိ
နေပြည်တော်၊ ဩဂုတ်- ၂
အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များသည် မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကျရောက်နေသည့် ကာလများ၌ပင် ပြည်သူ လူထုအပေါ် စာနာထောက်ထားမှုမရှိဘဲဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်များ၊ ၎င်းပါတီအား ထောက်ခံအားပေးသူများဖြင့် တရားမဝင်အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်း၍ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်ရည်ရွယ်ကာ အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများအပါအဝင် အစိုးရပိုင် အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းဖြင့်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ရန် လုပ်ဆောင်လျက်ရှိှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူပြီး ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အထူးကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
news
မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုဖြစ်ပွားသည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ်- ၂
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း ဇူလိုင် ၂၅ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေများ ကျဆင်းလာမှုကြောင့် အများပြည်သူအသုံးပြုသော ကားလမ်းများနှင့် ကျေးရွာအဝင်များတွင် ရေကျော်ဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိရာ အရှေ့တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များက လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးလျက်ရှိသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိ
နေပြည်တော် ဩဂုတ် ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား သိန်း ၂၀ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
တိုင်းဒေသကြီးများနှင့်ပြည်နယ်မြို့ကြီးများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SINOPHARM ဆေးကို မြေပြင်အအေးလမ်းကြောင်းမော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ဖြန်ဖြူး
နေပြည်တော် ဩဂုတ် ၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ရောက်ရှိနေသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး SINOPHARM ဆေးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မ လမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၊ တိုးချဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း၌ ထားရှိရာ အဆိုပါဆေးပစ္စည်းများကို ယနေ့ မွန်းလွဲ ပိုင်းတွင် မြေပြင်ခရီးလမ်းကြောင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက်ဖြန့်ဖြူးပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိ ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆက်လက်ဆောင်ရွက်၊ ပြီးစီးသည့် စင်တာများ တွင် စနစ်တကျ လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိ
နေပြည်တော်၊ ဩဂုတ်- ၂
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံ များ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ် တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ သည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင် ဆောင်ရွက် လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများနှင့် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းလျက်ရှိ
နေပြည်တော်၊ ဩဂုတ်- ၂
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲ့များသို့ အောက်ဆီဂျင် အိုးများ၊ ရောဂါကာကွွယ်ရေးအထောက်အကူပြုပစ္စည်းများ ဖြန့်ဝေလှူဒါန်း
နေပြည်တော်၊ ဩဂုတ်- ၂
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် တပ်မတော် နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
နေပြည်တော်၊ ဩဂုတ်- ၂
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသားပြည်သူများနှင့် အကျဉ်းထောင် များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်
နေပြည်တော်၊ ဩဂုတ်- ၂
လားရှိုးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များအား တွေ့ဆုံ
နေပြည်တော်၊ ဩဂုတ်- ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး ကလည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)အဖွဲ့ဝင်များ အား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ် နီလင်းအောင် က လည်းကောင်း ယနေ့တွင် တိုင်းစစ်ဌာနချုပ်များရှိခန်းမများ၌ အသီးသီးသွားရောက်တွေ့ဆုံသည်။













