နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၁
မန္တလေးမြို့၊ ဂေါဝန်ဆိပ်ကမ်းတွင် မန္တလေးမှ ဗန်းမော်သို့ သွားရောက်ရန်ရှိသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဧရာ၀တီဌာနခွဲပိုင် ရေယာဉ် ၂ စီးအား မန္တလေးမြို့၊ စိန်ပန်းရပ်ကွက်ရှိ CDM လှုပ်ရှားသူများက ရေယာဉ်များ မထွက်ခွာနိုင်စေရေး ရန်လို သည့် အပြုအမူဖြင့် အကြောင်းမဲ့ နှောင့်ယှက်တားဆီးရာမှ စတင်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၂၀ ရက်တွင် သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။






























