တနင်္သာရီမြို့ရှိ ရေဘေးသင့်ပြည်သူများအားအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆေးပစ္စည်းများပေးအပ်လှူဒါန်း
နေပြည်တော်၊ ဇူလိုင် - ၂၉
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနင်္သာရီ မြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ မြင့်တက်လာသဖြင့် တနင်္သာရီမြို့၊ အနိမ့်ပိုင်း ရပ်ကွက်များသို့ ရေဝင်ရောက်မှုများကြောင့် ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၄၆ စု အား ရေဘေးလွတ်ရာ ယာယီကယ်ဆယ်ရေး စခန်းဖွင့်လှစ်ထားရှိသည့် တနင်္သာရီမြို့၊ သဘာဝဘိုးဘွားရိပ်သာကျောင်းသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ကူညီပြောင်းရွှေ့ နေရာချထားပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။














