နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
မန္တလေးမြို့ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း၊ အားကစားကွင်းများနှင့် မန္တလေးတက္ကသိုလ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ နိုဝင်ဘာ - ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ ဦးမင်းသိန်းဇံ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်ရှိ လေ့ကျင့်ရေး အလယ်တန်း ကျောင်း၊ အားကစားကွင်းများနှင့် မန္တလေး တက္ကသိုလ် တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေးအလယ်တန်းကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းအုပ် ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။ ထို့နောက် ကျောင်းရန်ပုံငွေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများကို ပေးအပ် ကာ ကျောင်းအတွင်း လှည့်လည်ကြည့်ရှု၍ ကျောင်းပြန်လည် ပြုပြင်မွမ်းမံနိုင်ရေး အတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် ကျောင်းခန်းမဆောင်၌ ချမ်းအေးသာဇံမြို့နယ်ရှိ အခြေခံမူလတန်း၊ အလယ် တန်းနှင့် အထက်တန်း ကျောင်းအုပ်များအားတွေ့ဆုံ၍ ကလေးငယ်များ ပညာ သင်ကြားသည့်အရွယ်တွင် အတန်းပညာများသင်ကြားရေး ဆောင်ရွက်ကြရန်လို ကြောင်း၊ အခြေခံပညာသည် အရေးကြီးသဖြင့် ကျောင်းသား၊ ကျောင်းသူများ အခြေခံစာပေများအား တတ်ကျွမ်းသည်အထိ အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အသိအမြင်များကို ပြုပြင်ပေး နိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခန်းများ သပ်ရပ်သန့်ရှင်းမှုရှိစေရေးနှင့် စာသင်ခုံများအား စနစ်တကျရှိစေရေး၊ အမှိုက်များအား စနစ်တကျစွန့်ပစ်သည့် ကောင်းမွန်သည့် အလေ့အကျင့်ရှိစေရေး သင်ကြားကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ အတန်းပညာမှ အသိပညာ၎င်းမှတဆင့် အတတ်ပညာ များရှိမှသာ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝတိုးတက်ရေးအတွက် ဆောင်ရွက် နိုင်ကြမည်ဖြစ်သည့်အတွက် ဒေသနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာ ကျောင်းများသည် အခြေခံအုတ်မြစ်ပင်ဖြစ်ကြောင်း၊ တဖက်မှလည်း ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်လိုအပ်မည်ဖြစ် ကြောင်းဖြင့် မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် အောင်မြေသာစံမြို့နယ်ရှိ၊ အောင်မြေမန္တလာ ဘောလုံးကွင်းနှင့် ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားကွင်းတို့သို့ သွားရောက်၍ အားကစားကွင်း များ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအခြေအနေများအားကြည့်ရှုရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်က အားကစားကဏ္ဍအဆင့်မြှင့်တင်နိုင်ရေးအတွက် အားကစား ကွင်းများ ကောင်းမွန်ရမည်ဖြစ်ကြောင်း၊ အဆင့်မြှင့်တင်ရာတွင် အားကစားသမား များအတွက် အနားယူရန်နေရာများ၊ ကွင်းအတွင်းသို့ ဝင်ရောက်နိုင်မည့် လမ်းကြောင်း များကို တွက်ချက်ထည့်သွင်းရန်လိုကြောင်း၊ ပွဲကြည့်စင်များကိုလည်း ကြည့်ရှုသူ ပရိသတ်အရေအတွက်နှင့် ကိုက်ညီစွာ ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်မည့် ပုံစံများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားခဲ့ပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်ရှိ မန္တလေးတက္ကသိုလ်၊ ပင်မစာကြည့်တိုက်ကြီးသို့ရောက်ရှိရာ ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနှင့် ဒုတိယ ပါမောက္ခချုပ်များ၊ စာကြည့်တိုက်မှူး ဒေါ်အေးအေးစိုးနှင့် အဖွဲ့ဝင်များက ကြိုဆို နှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက်အတွင်း ဘာသာရပ်ဆိုင်ရာ၊ ပညာရပ် ဆိုင်ရာ စာအုပ်စာပေများ ခင်းကျင်းထားရှိမှု၊ ပေ၊ ပုရပိုဒ်စာများ ထိန်းသိမ်းထားရှိမှု၊ နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် Human Rights Resource Centre၊ E-Library နှင့် CMU Corner ဆောင်ရွက်ထားရှိမှု အခြေအနေ များကို လှည့်လည်ကြည့်ရှုရာ ပါမောက္ခချုပ်နှင့် စာကြည့်တိုက်မှူးတို့က လိုက်လံ ရှင်းလင်းပြသကြသည်။
ရှင်းလင်းပြသမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က စာကြည့်တိုက်မှတဆင့် သမိုင်းဆိုင်ရာများ၊ ဘာသာရပ်ပိုင်းဆိုင်ရာများ၊ လူမှုအသိုင်းအဝိုင်းဆိုင်ရာ ဗဟုသုတများကို ပေးစွမ်းနိုင်သည်ဖြစ်သဖြင့် စာကောင်း ပေမွန်များကိုထားရှိရန်လိုအပ်ကြောင်း၊ စည်းကမ်းစနစ်တကျဖြင့် စာပေဖတ်ရှုလေ့လာ ခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ တိတ်ဆိတ်ငြိမ်သက်စွာ လေ့လာဖတ်ရှုခြင်း များအပြင် library system များ၊ စည်းကမ်းများကို တိကျစွာ လိုက်နာစေခြင်းမှတဆင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝတစ်လျှောက်လုံးကို systematically ကျ စွာလုပ်ဆောင်တတ်သည့် အလေ့အကျင့်ကောင်းများကို လေ့ကျင့်ပေးသွားရန်လို ကြောင်း၊ စာကြည့်တိုက်ရှိ အဖိုးတန် စာကောင်းပေမွန်များ၊ ကျမ်းစာ၊ ပုရပိုဒ်စာများကို ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် လွယ်ကူစွာ ဖတ်ရှုလေ့လာနိုင်ရေး နည်းပညာ အကူအညီ ဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ စာကြည့်တိုက်နှင့် စာအုပ်စာစောင်များကို ရေရှည် တည်တံ့မှုရှိစေရေး ထိန်းသိမ်းမှုပုံစံ စနစ်ကျနရန်လိုကြောင်း၊ ဥစ္စာမှာ ကုန်ဆုံးသွားနိုင် သော်လည်း ပညာဟူသည် တစ်သက်စားမကုန်သည့် ပဒေသာပင်ဖြစ်သည့်အတွက် လူငယ်များ ပညာတတ်မြောက်ရေး မြေတောင်မြှောက်ပေးရန်လိုကြောင်းဖြင့် မှာကြား သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် တက္ကသိုလ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။