နေပြည်တော်၊ နိုဝင်ဘာ - ၃
ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရေှာက်မှု လုပ်ငန်းများကို တပ်မတော်သားဆရာ၀န်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများတွင် အထောက်အကူဖြစ် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် မြို့သို့ ဆေး ၈၈၂ လုံးနှင့် ဆေးထိုးအပ် ၅၀၃၄ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ဆေး ၆၆၈၁ လုံးနှင့် ဆေးထိုးအပ် ၁၃၃၆၂ ချောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ဆေး ၄၆၂ လုံးနှင့် ဆေးထိုးအပ် ၉၂၄ ချောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ဆေး ၄၈၀၈ လုံးနှင့် ဆေးထိုးအပ် ၉၆၁၆ ချောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရိုးမြို့သို့ ဆေး ၁၀၄၈၃ လုံးနှင့် ဆေးထိုးအပ် ၂၀၉၆၆ ချောင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ဆေး ၁၂၂၆၃ လုံးနှင့် ဆေးထိုးအပ် ၂၄၅၂၆ ချောင်းတို့ကို မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ တပ်မတော် (လေ)မှ ပို့ဆောင်ရေးလေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။