တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် စတင်တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်းများအား ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်း ဖွင့်ပွဲများ ပြုလုပ်

Monday, November 8, 2021 - 14:45

 

နေပြည်တော်၊ နိုဝင်ဘာ-၈

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ပညာရေးဒီဂရီကောလိပ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်နှင့် ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ် အပါအဝင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်း များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးတက္ကသိုလ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ ပညာရေး ဒီဂရီကောလိပ်နှင့် တောင်ငူတက္ကသိုလ်တို့၌ စတင်တာဝန်ထမ်းဆောင် ကြမည့် ဆရာ၊ ဆရာမများနှင့် အခြေခံပညာ ဆရာ၊ ဆရာမများအား ကြိုဆိုပွဲများ၊ မွမ်းမံသင်တန်း များဖွင့်ပွဲနှင့် အခြေခံပညာ ဆရာ၊ ဆရာမများ ဘာသာရပ်ဆိုင်ရာ သင်တန်းများဖွင့်ပွဲ ကို ယနေ့တွင် တက္ကသိုလ်နှင့် ကောလိပ်အသီးသီးတို့၌ ပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်နှင့် ကောလိပ် အသီးသီးမှ ပါမောက္ခချုပ်များ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဖွင့်အမှာစကားများ အသီးသီး ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက  တက္ကသိုလ်များ၊ ကောလိပ်များနှင့် အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ငွေများ၊ ကိုဗစ်-၁၉ ရောဂါ အထောက်အကူပြုပစ္စည်း များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

          ၎င်းနောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။