ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ အပြစ်မဲ့ပြည်သူတစ်ဦးအား လုပ်ကြံသတ်ဖြတ်ခဲ့သည့်တရားခံနှင့် ပိတောက်ပင်ကျေးရွာရပ်ကွက်စီမံအုပ်ချုပ်ရေးရုံး အား မီးရှို့ဖျက်ဆီးခဲ့သည့်တရားခံများဖမ်းဆီးရမိ
နေပြည်တော်၊ အောက်တိုဘာ- ၅
အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအားမီးရှို့ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နှင့် ပန်းတနော်မြို့ကြား ၊အင်းမနယ်မြေ ရဲစခန်းရှေ့ စစ်ဆေးရေးဂိတ် တွင် ပုသိမ်-မြဝတီ ပြေးဆွဲသည့် ဒို့ညီနောင်ယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်းလာသည့် စည်သူအောင်(၃၅)နှစ်၊ အောင်နိုင်ထွေး(၃၅)နှစ် နှင့် ဘိုဘိုထွန်း (၂၈)နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး စည်သူအောင်၏ ထွက်ဆိုချက်အရ ကန်ကြီးထောင့်မြို့နယ်၊ ကညွတ် ကုန်းကျေးရွာနေ စတာလင်း(၆၁)နှစ် အားထပ်မံ ဖမ်းဆီးရမိခဲ့သည်။









