Mytel ရုံးချုပ်မှ GM ဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်ရာတွင် ပါဝင်သည့် တရားခံ များအား ဖမ်းဆီးရမိ

Friday, November 19, 2021 - 14:15

 

နေပြည်တော်၊ နိုဝင်ဘာလ ၁၉

                 ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ()ရပ်ကွက်၊ တေးနုယဉ်လမ်းနေ ဦးသိန်းအောင်သည် ဇနီးနှင့်အတူ အိမ်ရာဝင်း အတွင်း လမ်းလျှောက်နေစဉ် (စိစစ်ဆဲ)ကျား ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးသိန်းအောင် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။

                 ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စုံစမ်းဖော်ထုတ်ခဲ့ရာ ပြည်သူလူထု၏ ပူးပေါင်းပါဝင်သတင်းပေးမှုကြောင့် ဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင် မသင်္ကာဖွယ်ရာစက်ဘီးစီးလာသည့် ကျား ၃ ဦးနှင့် ၎င်းတို့၏ နောက်မှ ကပ်လျက်လိုက်ပါလာသည့် HYUNDAI ACCENT အမျိုးအစား အဖြူရောင် ယာဉ်အား တွေ့ရှိကြောင်းသိရှိရသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ နိုဝင်ဘာလ ရက်တွင် ပစ်ခတ်မှုဖြစ်စဉ်ပါ တရားခံဖြစ်သော စစ်ဇော်ကံ() ဟန်သာထွန်း(၁၉)နှစ် အား မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၁၈၇)နေအိမ်၌ ဆက်စပ် တရားခံ ဖြိုးအိကျော်(၂၄)နှစ် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

                 ဖမ်းဆီးရမိတရာခံ စစ်ဇော်ကံ()ဟန်သာထွန်း ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ ()ရပ်ကွက်၊ ကျောင်းကုန်း()လမ်းနေ ပစ်ခတ်မှုဖြစ်စဉ်ပါတရားခံ ဗညားစိုးထက်()လီယို(၂၃)နှစ်အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ အုတ်ပုံစုရပ်ကွက် တောင်ပေါ်လမ်း() ဂျိုးဖြူကန်လမ်းနေ ဆက်စပ်တရားခံ စိုင်းစည်သူ(၃၅)နှစ် အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

                 ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ()ဟန်သာထွန်း သည် ဧပြီလ အတွင်း KNLA တပ်မဟာ() နယ်မြေတွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းအနေဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ဖွဲ့စည်းထားရှိသည့် ဥက္ကာ(ဖမ်းဆီးရန်ကျန်) ခေါင်းဆောင်သော  ရန်ကုန် တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF)တွင် ဒုတိယခေါင်းဆောင် အဖြစ်ပါဝင်၍ တရားခံ ဗညားစိုးထက်()လီယိုမှာ တတိယခေါင်းဆောင် အဖြစ်ပါဝင် ကြောင်း၊ တရားခံ ဖြိုးအိကျော်သည် YRF အဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ်ပါဝင်ပြီး ထောက်ပံ့ ရရှိငွေများနှင့် လိုအပ်သည့် လက်နက်/ခဲယမ်းများ ဝယ်ယူမှုအား ချိတ်ဆက် ဆောင်ရွက် ပေးသ ဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့အဖွဲ့၏ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ငွေ နှင့် ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

                 ထို့ပြင်၎င်းတို့အဖွဲ့အနေဖြင့် အကြမ်းဖက် လုပ်ရပ်များကျူးလွန်ရန်လိုအပ် သော လက်နက်/ခဲယမ်းများအား Jame(YUG အဖွဲ့) ထံမှ စက်တင်ဘာလ ၂၆ ရက်တွင် တရားခံ စစ်ဇော်ကံ()ဟန်သာထွန်း သည် ငကျား(Free Tiger Ranger-FTR) ထံမှတစ်ဆင့် ပစ္စတို လက်၊ ကျည်အိမ် ခု၊ ကျည် ၁၂၁ တောင့်အား ရရှိခဲ့ပြီး တရားခံ ဗညားစိုးထက်()လီယို ထံတွင် သိမ်းဆည်းခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ YRF အဖွဲ့သည် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ပြီးပါက တရားခံ စိုင်းစည်သူ ပိုင်ဆိုင်သော တိုက်ကြီးမြို့နယ်၊ ငါးစုကျေးရွာအနီးရှိ ခြံတွင်ထွက်ပြေးတိမ်းရှောင် နိုင်ရန်ကြိုတင် စီစဉ်ထားခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက် အရ ဦးသိန်းအောင်အား လုပ်ကြံ သတ်ဖြတ်သည့်နေ့တွင် ၎င်းသေနတ်များအား အသုံးပြုရန် တရားခံ  ဗညားစိုးထက် ()လီယို မှတစ်ပါတည်းယူဆောင်ခဲ့ကာ HYUNDAI ACCENT (အဖြူရောင်) ယာဉ်အား မောင်းနှင်ပြီး စစ်ဇော်ကံ()ဟန်သာထွန်းနှင့်အတူသွားရောက်ခဲ့ကြောင်း၊ ဖမ်းဆီး ရန်ကျန် တရားခံများဖြစ်သည့်  ဖိုးသား နှင့် သားငယ် တို့သည် စက်ဘီး စီး ဖြင့်လိုက်ပါလာခဲ့ကြောင်း၊ ကုန်းမြင့်သာလမ်း အရောက်တွင် စစ်ဇော်ကံ() ဟန်သာထွန်း သည် ယာဉ်ပေါ်မှဆင်းပြီး ဖိုးသား စက်ဘီးအားလည်းကောင်း၊ သားငယ်၏ စက်ဘီးအား ဖိုးသားမှလည်းကောင်း ရယူ၍ စောင့်ဆိုင်းနေခဲ့ကြောင်း၊ ၎င်းနောက် သားငယ်မှခြေလျင်သွားရောက်၍ တေးနုယဉ်လမ်း အရောက်၌ ဦးသိန်းအောင် နှင့် ဇနီး ဖြစ်သူတို့အား ပစ္စတိုဖြင့် ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကာ အသင့်စောင့်ဆိုင်းနေသော ဖိုးသား၏ စက်ဘီးနောက်မှ လိုက်ပါလာခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 အလားတူ ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ()ဟန်သာထွန်း နှင့်ဗညားစိုးထက် ()လီယိုတို့၏ ထွက်ဆိုချက်အရ ဩဂုတ်လ ရက်တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင် ဦးစန်းလင်း နှင့်ဇနီး ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ကျန်းမာရေးအထောက်အကူပြုအဖွဲ့ ပုံစံ PPE ဝတ်စုံများဝတ်ဆင်ကာ အောင်လေး နှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကြံသတ်ဖြတ်မှုအတွက် Jame(YUG အဖွဲ့) ထံမှ ငွေကျပ် သိန်း ရရှိခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ()ဟန်သာထွန်း သည် အောက်တိုဘာလ ၂၁ ရက်တွင် ပြည်သူ့စွမ်းအားရွေ့လျားအဖွဲ့(People Power Movement-PPM) အဖွဲ့ ထံမှ လက်လုပ်ချိန်ကိုက်ဗုံး လုံးတွဲ လုံးအား ရရှိခဲ့ပြီး အဆိုပါ လက်လုပ်ချိန်ကိုက် ဗုံးများအား အောက်တိုဘာလ ၂၂ ရက်တွင် (Rangoon Urban Revoultionary-RUR) အဖွဲ့ဝင်တစ်ဦးထံ ပေးအပ်ပြီး မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းရှိ EPC ရုံးအနီးတွင် ဖောက်ခွဲစေခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

                 ဖမ်းဆီးရမိတရားခံများအနေဖြင့် ဦးသိန်းအောင်အား ပစ်မှတ်ထား တိုက်ခိုက် ခြင်းမှာ စစ်ဇော်ကံ() ဟန်သာထွန်း ပါဝင်သော YRF အဖွဲ့အား အကြမ်းဖက်အဖွဲ့ အစည်းဖြစ်သော NUG သည် Jame (YUG အဖွဲ့)မှတစ်ဆင့် နောက်ကွယ်မှ ငွေကြေး ထောက်ပံ့မှုများပြုလုပ်၍ နိုင်ငံအတွင်း အစိုးရနှင့်ချိတ်ဆက်၍ ရင်းနှီးမြုပ်နှံ လုပ်ကိုင် လျက်ရှိသော ပြည်ပစီးပွားရေးလုပ်ငန်းများအား ဆက်လက် လုပ်ကိုင်ခြင်းမရှိ စေရန် ရည်ရွယ်ချက်ဖြင့် စီးပွားရေးအဆောက်အဦများ၊ လုပ်ငန်းတာဝန်ခံများအား လုပ်ကြံ သတ်ဖြတ်ခြင်းဖြစ်ကြောင်းနှင့် အစိုးရ၏ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးအား ထိခိုက်ပျက်ပြားစေရန် ငွေကြေးထောက်ပံ့ကာ အကြမ်းဖက်လုပ်ငန်း များ  ကျူးလွန်စေခဲ့ကြောင်း ဖော်ထုတ်သိရှိရပါသည်။

                 ဖမ်းဆီးရမိတရားခံများ ပါဝင်ဖွဲ့စည်းထားသော YRF အဖွဲ့အား Jame (YUG အဖွဲ့)မှ အဓိကစေခိုင်းနေခြင်းဖြစ်ပြီး လက်အောက်တွင်အကြမ်းဖက်အဖွဲ့ ၁၂ ဖွဲ့ ရှိကြောင်း၊ Jame (YUG အဖွဲ့)သည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG/CRPH တို့နှင့်ချိတ်ဆက်၍ ငွေကြေး/လက်နက် အထောက်အပံ့များရယူကာ အကြမ်းဖက်မှု များအား  စေခိုင်းလျက်ရှိကြောင်း ဖော်ထုတ်သိရှိရသည်။

                 အဆိုပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ဆုငွေများ ထိုက်တန်စွာ လျှို့ဝှက် ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။