news

                နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး သုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်များကိုထမ်းဆောင်နိုင်ရန် အတွက် နိုင်ငံသားတိုင်းစစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်ခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရန် စိတ်အားထက်သန်စွာ လာရောက်စာရင်းပေးသွင်းကြသည့် လူငယ် များကို ပြည်သူ့စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် သူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ်(၂၂)နှင့် အမျိုးသမီးသူနာပြုနှင့်ဆေးဘက်ပညာသိပ္ပံဘွဲ့ သင်တန်းအမှတ်စဉ် (၉)တို့မှ သင်တန်းဆင်းသင်တန်းသား သင်တန်းသူများအား ဆေး၀န်ထမ်းတာ၀န်ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ  တပ်မတော် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း) စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဉီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊တပ်မတော်သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ၀င်းဗိုလ်နှင့် ကျောင်းဆင်း သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်၏(၂၉)ကြိမ်မြောက်  ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဝင်းဗိုလ်နှင့် ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာကို ဒီဇင်ဘာလ(၂၅)ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအတွင်း  မိုင်းထောင်ဖောက်ခွဲမှုများနှင့် စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူးအား လုပ်ကြံပစ်ခတ်သူ Free Land Attack Force (FLA) အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ ဒီဇင်ဘာ ၂၆
    နိုင်ငံတော်အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့ အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူ လူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်း များအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိသည်။

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သော အားကစားသမားများနှင့် နည်းပြများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ အားကစားဝါသနာရှင်ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အားကစားသမားများနှင့် နည်းပြများ တက်ရောက်ကြသည်။

                နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP) သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေ များနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

          မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ (၂၃)ရက်နှင့် (၂၄)ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာ များက  မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်းတွေ့ရှိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဒီဇင်ဘာ ၂၅

            ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ မြင်းကပါကျေးရွာရှိ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌  ရေစီးရေလာကောင်းမွန်စေရန် အတွက် ရေမြောင်းဖောက်လုပ်ခြင်း လုပ်ငန်းများဆောင်ရွက်စဉ် တူးဖော်ရရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ သတင်းပေးပို့အပ်နှံခြင်းမရှိဘဲ ထုခွဲရောင်းချ၍ ကိုယ်ကျိုးစီးပွားအတွက် ခွဲဝေအသုံးပြုခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းအရ ကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြသည်။