news

          ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများကို ယနေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ခါကာဘိုရာဇီအစည်းအဝေးခန်းမ၌လည်းကောင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အစည်းအဝေးခန်းမ၌လည်းကောင်း အသီးသီးပြုလုပ်ရာ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် သည် ကာဇက်စတန်နိုင်ငံ၊ ဗဟို ရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E. Mr. Yerman Mukhtar အား ယနေ့နေ့လယ် ၁၃:၄၅ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင် ဧည့်တွေ့ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Igor Borisov အား ယနေ့ နေ့လယ် ၁၄:၃၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၊ ပုဂံဆောင် ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

          ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနား ကို ယနေ့မွန်းလွဲ ၁၃:၀၀ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး တက်ရောက်၍ အမှာစကား ပြောကြားသည်။

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်စာရင်းကို ၂၀-၈-၂၀၂၅ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် လည်းကောင်း၊ အပိုင်း(၂) တွင် ပါဝင်သည့် မြို့နယ် ၁၀၀ မြိ

          ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများသည် ယနေ့နံနက် ၁၁:၀၀ နာရီတွင် လေကြောင်းခရီးဖြင့် ‌နေပြည်တော်သို့ ရောက်ရှိလာရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီဝင် (၁) ဗိုလ်မှူးကြီး ရဲမိုး၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၀၉ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာကြမည့်  ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ရန်ကုန်မြို့သို့ ရောက်ရှိ

ရန်ကုန်  ဒီဇင်ဘာ ၂၆

          ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ ရုရှား၊ တရုတ်၊ အိန္ဒိယစသည့် ပြည်ပနိုင်ငံများမှ ရွေးကောက်ပွဲစောင့် ကြည့်လေ့လာရေးအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့  ရောက်ရှိကြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်အား ဒီဇင်ဘာ ၂၇ ရက် နံနက်မှ စတင် ရုပ်သိမ်း

နေပြည်တော် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ) တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက် ၁ နာရီမှ နံနက် ၃ နာရီအချိန်အတွင်း ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့သည်။

KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံ ၅၀၄ လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးစီး၊ အွန်လိုင်းလိမ်လည်လောင်း ကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျ ဆက်လက်မီးရှို့ဖျက်ဆီး
နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၆