news

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ မြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကျိုင်းတုံဘက်သို့ စိုင်းထွန်းကျောက် မောင်းနှင်လာသည့် TOYOTA ALPHARD မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကြမ်းခင်းအံဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄,၈၀၀ တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၆၀ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား မိုင်းပျဉ်းမြို့နယ

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကုလားကျေးရွာအတွင်းရှိ နေအိမ်နှင့် စာသင် ကျောင်းအတွင်း ခိုအောင်းနေထိုင်လျက်ရှိသည့်  PDF အမည်ခံအကြမ်းဖက်သမားများ နှင့် ၎င်းတို့သိုဝှက်သိမ်းဆည်းထားသည့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီ - ၃

အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ပြီး  အရပ်သား ပြည်သူများအား လူသားတံတိုင်းအဖြစ် အကာအကွယ်ရယူ၍ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား  ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခြင်းများကို ကျူးလွန်လျက်ရှိ သည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊  စာသင်ကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာများ၊ နေအိမ်များအတွင်း၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေဖော်ထုတ်သိမ်း ဆည်းခြင်းများအပါအဝင် နယ်မြေလုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

          မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးအရှေ့ကျေးရွာကို ဒီဇင်ဘာ ၃၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး အပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးခဲ့ကာ ၁၀ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက တစ်ဖက်သတ်လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကိုတွေ့ရှိရသည်။

             ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀) နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက် ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကား ပြောကြားပြီး အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။  

                  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ များကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ကေတုမတီမြို့သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

              နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်တွင်း၌ စက်သုံးဆီဖူလုံမှုရှိစေရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ MNDAA/ TNLA/ KIA အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အကြမ်းဖက် အဖွဲ့များ အခြေပြုနေထိုင်လျက်ရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ အချို့ဒေသ များသို့ ပြည်မအတွင်းမှ စက်သုံးဆီများသယ်ဆောင်ရောင်းချနိုင်ခြင်းမပြုနိုင်စေရေးအတွက် ပိတ်ဆို့ တားဆီးထားရှိသော်လည်း အချို့သောဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ အချို့နေရာဒေသများတွင် လုံခြုံရေးဆိုင်ရာကန့်သတ်ချက်ရှိမှုအပေါ် အခွင့်ကောင်းယူ၍ ရှောင်ကွင်းလမ်းများ အသုံးပြုကာ နည်းလမ်းမျိုးစုံဖြင့် သယ်ဆောင်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ အချို့သောကျေးရွာများတွင် ဆီသိုလှောင်ထားရှိရာ နေရာများပြုလုပ်၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသများသို့ ပို့ဆောင်ကာ ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချလျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့မှုအရ သိရှိရသည်။