news

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပါန ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူး ပြုသော သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

          မြန်မာ့တပ်မတော်(ရေ)နှင့် ရုရှားရေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန် ရုရှားရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Aleksandr A.Moiseev ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၉ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၇ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ပြည့်စုံလ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှု ယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက် နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက် အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဘော်ကြို)နှင့် အခြေခံပညာမူလတန်းကျောင်း(တိန်းချေတိန်းစံ)တို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ ကြောင်း သိရှိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီး ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ အောက်တိုဘာ ၂၇

          ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများ ယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းသိရသည်။

မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်း တက်ရောက်လျက်ရှိသည့် ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တပ်ဖွဲ့ဝင် သင်တန်းသားများ၏ လေ့ကျင့် သင်ကြားပို့ချနေမှုများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ ၂၇ ရက်

            KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်/စခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်၍ အဆိုပါ ဒေသအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူးမြို့နှင့် မရသိမ်ကျေးရွာအပါအဝင် အချို့မြို့/ရွာများတွင် ဝင်ရောက်နေရာယူကာ စာသင်ကျောင်းများ၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် အခြေပြု၍ အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများအား ၎င်းတို့အပေါ် အကြောက်တရား လွှမ်းမိုးစေရန

သီပေါမြို့၌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ် ဆက်လက်လက်ခံ၊ ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံ သားစိစစ်ရေးကတ်များ ပြုလုပ်ပေး၊ ပြည်သူ့ဆေးရုံအားပြန်လည်ဖွင်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ၂၀၂၅ အောက်တိုဘာ - ၂၇