news

          စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၇ ရက်နေ့နှင့် ၁၈ရက်နေ့တို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်  ပြည်သူများထိခိုက်သေဆုံး ပြီး သာသနိကအဆောက်အအုံများပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

          နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်း လုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

            ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်

နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက်တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြ ကွင်း၌ ဆက်လက်ကျင်းပသည်။

            အကြမ်းဖက်မှုကို လိုလားသူ လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပန်းရံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ရှင်ပြုအလှူတော်မင်္ဂလာ ကျင်းပနေချိန်၌ ကျေးရွာ၏ အရှေ့မြောက်ဘက်မှ Drone ယာဉ် ၂ စီးဖြင့် Drop Bomb ချတိုက်ခိုက်မှုကြောင့် ကျောင်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက်(၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

    နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သောနေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
    ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ အိမ်အမှတ်(၈၀)နေ ရာအိမ်မှူး ဦးဝင်းဦး သည် နေအိမ်အနီးရှိ “အောင်ကျော်စိုး” ကွမ်းယာဆိုင်ရှေ့၌ ထိုင်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတို ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့သောကြောင့် ရာအိမ်မှူး ဦးဝင်းဦး သည် လည်ပင်းကျည်ဖောက် ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

            တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်စိန်ပြောင်းဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

မြန်မာ-ထိုင်း-တရုတ် သုံးနိုင်ငံမှ ကိုယ်စားလှယ်များသည် ယနေ့နံနက်ပိုင်း ထိုင်းနိုင်ငံ မဲဆောက်မြို့၌ တွေ့ဆုံပြီး အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်း များတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများ အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်ရေး ဆွေးနွေးညှိနှိုင်းကြသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် တရားမဝင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိ ရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြဝတီမြို့- ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများသို့ တရားမဝင်လမ်းကြောင်းများမှ တစ်ဆင့်ဝင်ရောက်ခဲ့ကြသည့် ပြည်ပ နိုင်ငံသား ၂၅၀ ဦးကို ထပ်မံစစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့သည်။