ဌာနဆိုင်ရာ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်ရှိ နေပြည်တော်၊ ၂၀၂၆ ဇွန် ၆

Saturday, June 6, 2026 - 15:00

ဌာနဆိုင်ရာ ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များ ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ရောက်ရှိ

နေပြည်တော်၊ ၂၀၂၆ ဇွန် ၆

နိုင်ငံတော်အကြီးအကဲအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဘဝများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေး လုပ်ငန်းစဉ်များကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်ထားပြီးဖြစ်ရာ တပ်မတော်အနေဖြင့် နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန်အတွက် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သည့် တည်ဆောက်ရေးလုပ်ငန်း သုံး ပစ္စည်းများ၊ ပညာရေးကဏ္ဍမြှင့်တင်ရန် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေး ကိရိယာများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးနှင့် ဆေးပစ္စည်း များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ သွားလာရေးခက်ခဲသောဒေသများသို့ တပ်မတော်မှ လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ပို့ဆောင်ပေးမည့် ဌာနဆိုင်ရာရုံးများအတွက် လိုအပ်သည့် ရုံးသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များသည် ဇွန်လ ၄ ရက်တွင် မန္တလေးမြို့မှ ထွက်ခွာ ခဲ့ရာ မတ္တရာ-သပိတ်ကျင်း- တကောင်း- ကတ္တူ- ငါးအိုး မှတစ်ဆင့် ယနေ့ နေ့လယ်ပိုင်း တွင် ရွှေကူမြို့သို့ ရောက်ရှိခဲ့သဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်း သား ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အတွက် အထောက်အကူဖြစ်မည်ဖြစ်သဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက် ကျေးဇူးတင်လျက်ရှိကြောင်းသိရှိရပြီး အဆိုပါ ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများမှ တစ်ဆင့် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တပ်မတော်အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လက်တွဲ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးပြီး အကြမ်းဖက်သမားများ ဖောက်ခွဲဖျက်ဆီးခဲ့သည့် လမ်း၊ တံတားများအား ပြန်လည် ပြုပြင် တည်ဆောက်၍ ဆက်သွယ်ရေးလမ်းကြောင်းများအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ ခရီးသွား မော်တော်ယာဉ်များ၊ ကုန်စည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ပုံမှန်အတိုင်း သွားလာ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း ၎င်းတို့၏ သွားလာနေထိုင် ရေးနှင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ဒေသ၏လိုအပ်ချက်အပေါ်မူတည်၍ ထပ်မံ ဖြည့်ဆည်းပေးနိုင်ရေးကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။