မန္တလေး-မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ ရွာများ၌ ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အထောက်အကူပြုပစ္စည်းများနှင့် ထောက်ပံ့ရေးကုန်ပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်များ တတိယအကြိမ် မြစ်ကြီးနားမြို့သို့ ထပ်မံရောက်ရှိ၊ ဒေသခံပြည်သူများက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆို နေပြည်တော် ဇွန် ၁၃
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တစ်ဝန်းတည်ငြိမ်အေးချမ်းစေရေးနှင့် ဒေသတွင်း နေထိုင်ကြသည့် ပြည်သူများ၏လူမှုစီးပွားဘဝများ လုံခြုံစိတ်ချဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်ထားမှုအပေါ် တပ်မတော်အနေဖြင့် ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသအလိုက်တည်ငြိမ်အေးချမ်း ရေး၊ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့လာစေရေး၊ ဒေသဖွံ့ဖြိုးတိုးတက်မှုများကို ဒေသတစ်ခုပြီးတစ်ခု အကောင်အထည်ပေါ်လာစေရေးတို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။
တပ်မတော်အနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင် ရွက်ပေးရာတွင် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုတို့ကို ဆောင်ရွက်ပေးပြီးသည်နှင့် ဒေသအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပညာရေးကဏ္ဍမြှင့်တင်ပေးရန် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များနှင့် စာရေးကိရိယာများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် လိုအပ် သည့်ဆေးနှင့် ဆေးပစ္စည်းများအား တပ်မတော်ယာဉ်တန်းများဖြင့် ပို့ဆောင်ပေးလျက်ရှိသည့် အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဝေးလံပြီးသွားရေးလာရေးခက်ခဲသည့်ဒေသများသို့ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအ တွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားပြီး အကြမ်းဖက်လုပ်ရပ်များလုပ် ဆောင်လျက်ရှိသည့်ဒေသများ၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများကို ဒေသခံပြည်သူများ ၏ပူးပေါင်းပါဝင်မှုဖြင့် အတူကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ဖွံ့ဖြိုးရေးအတွက်အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းများအနက် တစ်ခုဖြစ်သော မန္တလေး-မတ္တရာ-သပိတ်ကျင်း- တကောင်း- ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း- မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေး လမ်းကြောင်းအား မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ မြို့၊ရွာများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို မန္တလေးမြို့မှတစ်ဆင့် မြစ်ကြီးနားမြို့သို့ ပထမအကြိမ်အဖြစ် မေလ ၁၂ ရက်တွင် လည်းကောင်း၊ အခြေခံ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော် ယာဉ်များနှင့် မီးသတ်ကားများအား ဒုတိယအကြိမ်အဖြစ် မေ ၃၁ ရက်တွင် လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း မြဝတီရုပ်မြင်သံကြားသတင်းများတွင် ထုတ်လွှင့်ခဲ့ပြီး ဖြစ်ရာ ပြည်သူများ၏စကားသံများကိုလည်း ကြားမြင်ခဲ့ရပြီး သတင်းကိုကြည့်မြင်နေသည့် ပြည်သူများ၏ ရင်ထဲမှာပင် ဝမ်းသာကြည်နူးမှုများကူးစက်လာသည်အထိ အားရဝမ်းသာ ပျော်ရွှင်ခဲ့ကြရသည်။
ယနေ့တွင်လည်း နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုအပေါ် တပ်မတော်၏စီမံဆောင်ရွက်မှု ဖြင့် အဆိုပါ လမ်းကြောင်းတစ်လျောက်ရှိ မြို့၊ ရွာများ၌ အစိုးရအုပ်ချုပ်ရေး ယန္တရားများ ပြန်လည် လည်ပတ်နိုင်ရေး၊ ဒေသခံတိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ နေရပ်ဒေသ များ၌ ပြန်လည်အခြေချနေထိုင်စဉ် စားဝတ်နေရေးအဆင်ပြေချောမွေ့စေရေး၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် စာရေးကိရိယာများရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ဆေးပစ္စည်းလိုအပ်ချက်များဖြည့်ဆည်းပေး နိုင်ရေးနှင့် အခြားသောလိုအပ်ချက်များကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ရေးအတွက် အခြေခံ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဆေးနှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များနှင့် စက်သုံးဆီများ တင်ဆောင်လာသော မော်တော် ယာဉ်များအား တတိယအကြိမ်အဖြစ်ပို့ဆောင်ပေးခဲ့ရာ မန္တလေးမြို့မှ ဇွန်လ ၁၁ ရက်တွင် စတင်ထွက်ခွာပြီး ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသဖြင့် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများက အိုးစည်ဒိုးပတ်များ၊ အောင်သပြေခက်များ၊ ဂုဏ်ပြုပန်းကုံးများဖြင့် ကျေးဇူးတင်ဝမ်းမြောက် စွာကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ အဆိုပါမော်တော်ယာဉ်များပေါ်တွင် ပါရှိလာသည့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များအား ခရိုင်ပညာရေးမှူးရုံးသို့လည်းကောင်း၊ အခြေခံစားကုန်များအား ပြည်နယ်မိုးလုံ လေလုံအားကစားခန်းမသို့ လည်းကောင်း၊ ဓာတ်မြေဩဇာများအား စိုက်ပျိုးရေးနှင့် မွေးမြူရေး သိပ္ပံသို့လည်းကောင်း အသီးသီး ပို့ဆောင်ပေးနေမှုများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ထောက်ပံ့ပေးရေးပစ္စည်းများသည် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ၊ ကျောင်းသားလူငယ်များ၏ ပညာရေးကဏ္ဍများအတွက် အထောက် အကူပြုမည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိပြီး တပ်မတော်အနေဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်လက်တွဲပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်၍အင်တိုက်အားတိုက် ကူညီဆောင်ရွက် ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။











