NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ မုံရွာမြို့၊ စည်သာကျေးရွာ အခြေခံပညာအလယ်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်
နေပြည်တော်၊ ဇွန် - ၅
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ် ရင်သွေး ငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာ သင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများကို ဇွန် ၂ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။
















