Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd တို့၏ 60 KW DC Fast Charging Stationနှင့် EV Charging Station ဖွင့်ပွဲများကို ယနေ့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံနှင့် လှည်းကူးမြို့နယ်ရှိ အမြန်လမ်း မိုင်တိုင်(၁)မိုင်တို့၌ပြုလုပ်ရာ တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်၀င်းဆွေ၊ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဉီးဝင်းဖေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် တာ၀န် ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အဦများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဆောက်လုပ်ရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဉီး၀င်းဖေ က အဖွင့်အမှာစကား ပြောကြားပြီး Chin Dwin Shan Constrution Co,Ltd နှင့် Earth Renewable Energy Co,Ltd မှ တာဝန်ရှိသူများက STATION များဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တာ၀န်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ်က စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းမှူးနှင့် တာ၀န်ရှိသူများသည် 60 KW DC Fast Charging Station နှင့် EV charging Station တို့မှ ကားများအား လှည့်လည်ကြည့်ရှု့ကြပြီး EV (လျှပ်စစ်ကား)များကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်း သတင်းရရှိသည်။