(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်   မွန်စာပေ ပြဌာန်းစာအုပ် ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲကျင်းပ နေပြည်တော်၊ မတ် - ၁၉

Sunday, March 19, 2023 - 15:15

(၄၉) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးခန်းမတွင် မွန်တိုင်းရင်းသားစာပေ ပြဌာန်းစာအုပ်ပေးအပ်ပွဲ နှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး မွန်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဉီးခင်မောင်ဉီးက ပြဌာန်း စာအုပ်ပေးအပ်ပွဲနှင့် သက်မွေးပညာသင်တန်းဖွင့်ပွဲနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် တာဝန်ရှိသူများက မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများထံ မွန်စာပေပြဌာန်းစာအုပ်များကို ပေးအပ်ပြီး မွန်စာပေ၊ ကရင်စာပေ၊ ဗမာစာပေနှင့် ပအိုဝ်းစာပေကော်မတီကိုယ်စားလှယ် အသီးသီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ထောက်ပံ့ချီးမြှင့် ငွေများနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေစာအုပ်များကို မွန်စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူများ ထံ ပေးအပ်သည်။ ဆက်လက်ပြီး မွန်ယဉ်ကျေးမှုအဖွဲ့မှ ဟင်္သာအကဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအာပေးပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်  ဉီးရန်ကျော်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဉီးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဉီး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သတင်းရ ရှိသည်။