စစ်ကိုင်းမြို့နယ်၊ တစ်အိမ်တည်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန် ကျောင်း အတွင်းရှိ ကျောင်းသုံးဗလာစာအုပ်များအပါအဝင် သင်ထောက်ကူပစ္စည်းများအား PDF အမည်ခံ အကြမ်းဖက်သမားများက ဝင်ရောက်ဖျက်ဆီး
နေပြည်တော်၊ ဇွန် - ၆
မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ် ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင် စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်း ဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံအကြမ်းဖက်သမားများက နည်းလမ်း မျိုးစုံအသုံးပြု၍ ဟန့်တားနှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။























