အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ တစ်နိုင်ငံလုံး ၉၃ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်
နေပြည်တော် ဇွန် ၃
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင် ကျောင်းများနှင့် ကိုယ်ပိုင်းကျောင်းများ၌ အသီးသီးစတင်ဖွင့်လှစ်သင်ကြားခဲ့ရာ ယနေ့ တွင်လည်း ကျောင်းသား၊ ကျောင်းသူများသည် သက်ဆိုင်ရာအတန်းအလိုက် သင်ခန်း စာများကို အေးချမ်းပျော်ရွှင်စွာ သင်ကြားလျက်ရှိသည်။
ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၆၃၁၈၃၈)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိရာ တစ်နိုင်ငံလုံး ကျောင်းတက်ရာခိုင်နှုန်း အနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်ကြောင်း အခြေခံပညာ ဦးစီဌာနမှ သိရှိရသည်။
အခြေခံပညာမူလတန်းတွင် ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ ၄ ဒသမ ၂ သန်းဖြစ်ပြီး တက်ရောက်သူ ၃ ဒသမ ၉ သန်း၊ အခြေခံပညာအလယ်တန်းတွင် ကျောင်းအပ်နှံထားသူ ၁ ဒသမ ၃ သန်းဖြစ်ပြီး တက်ရောက်သူ ၁ ဒသမ ၂ သန်း၊ အခြေခံပညာအထက်တန်းတွင် ကျောင်းအပ်နှံထားသူ ၄ ဒသမ ၁ သန်းဖြစ်ပြီး တက် ရောက်သူ ၃ ဒသမ ၈ သန်း၊ စုစုပေါင်း ကျောင်းအပ်နှံသူ ၆ သန်းဖြစ်ပြီး တက်ရောက်သူ ၅ ဒသမ ၆ သန်းဖြစ်ရာ တက်ရောက်သူ ရာခိုင်နှုန်းအနေဖြင့် ၉၃ ဒသမ ၁၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရှိရသည်။