Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့၏ EV Charging Station များဖွင့်လှစ် နေပြည်တော်၊ မတ် - ၁၉

Sunday, March 19, 2023 - 15:15

            Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့၏ EV Charging Station များဖွင့်ပွဲများကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရန်ကုန်ဘူတာကြီးနှင့် လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးသစ် တို့၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            ဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး Essential Motors Myanmar နှင့် Asia Pacitic AutoMaker Corporation တို့မှ တာဝန်ရှိသူများက Station များ ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်ခလုတ်များ နှိပ်၍ ဖွင့်လှစ်ပေးသည်။

            ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက EV Charging Station နှင့် ကားများအား လှည့်လည်ကြည့်ရှုကြပြီး EV (လျှပ်စစ်ကား)များ ကို စမ်းသပ်မောင်းနှင်ခဲ့ကြကြောင်း သတင်းရရှိသည်။