နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇွန် ၁
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့
(၁၅)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
နေပြည်တော်၊ ဇွန် ၁
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
သဘောထားထုတ်ပြန်ကြေညာချက်
(၂၀၂၂ခုနှစ်၊ ဇွန်လ ၁ ရက်)
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် မြန်မာနိုင်ငံအတွက် လိုအပ်လျှက်ရှိသော ပညာတတ်များ ပေါများလာရေးကို အထူးအရေးပါသော အချက်တစ်ချက်အဖြစ်ခံယူလျက် ရှိပါသည်။
ထားဝယ်-မြိတ်ကားလမ်းပေါ်၌ ပြေးဆွဲနေသည့် ခရီးသည်တင်မှန်လုံယာဉ်များအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ ဇွန်- ၁
နိုင်ငံတော်အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ လမ်းပန်းဆက်သွယ်ရေး လွယ် ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာသွား လာနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်တွင် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများက နေရာအချို့၌ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသည်တင်ယာဉ်လိုင်းများအား မိုင်းခွဲတိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ဆက်ကြေးများကောက်ခံခြင်း၊ အပြစ်မဲ့ခရီးသွားပြည်သူများအား အကြောင်းအမျိုး မျိုးပြစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း အခမ်းအနား ကျင်းပ
နေပြည်တော် ဇွန် ၁
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ ဝန်ထမ်းများ ပိုမိုသိရှိလာနိုင်ရေး အတွက် အသိပညာပေးဟောပြောပွဲကို ယနေ့ န့နက် ၁၀:၀၀ နာရီအချိန်၌ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ Jeng Phang နော်တောင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ဧည့်သည်တော် သမိုင်းပါမောက္ခ ဒေါက်တာခင်စောနွဲ့(ငြိမ်း)၊ နေပြည်တော်ရှိ လီဆူနှင့် ကရင်ဖြူ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် အရာထမ်းအမှုထမ်းများ တက်ရောက် ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၌ မေလ ၃၀ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ကာ ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ ဇွန် ၁
၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက် နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းတောင်အနောက်ရပ်ကွက်၊ ပန်းပင်ကြီးလမ်း၊ အမှတ်(၂၀) ပထမထပ်၌ ကျန်းမာရေးမကောင်းသဖြင့် နေအိမ်အတွင်း Wheel Chair ဖြင့်သွားလာနေရသည့် ဒေါ်ခင်ကြည် (၈၈)နှစ်နှင့် အိမ်အကူဖြစ်သူ ဒေါ်အေးစန်း (၅၀)နှစ်တို့ ၂ ဦးတည်းရှိနေစဉ် မျက်နှာဖုံးများစွပ်ထားသည့် အမျိုးသား ၁၀ ဦးခန့်သည် ဓားဦးချွန်တစ်ချောင်း၊ သံတုတ်တစ်ချောင်း ကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်လာပြီး ဒေါ်အေးစန်းအား ကြိုးဖြင့်ချည်နှောင်ကာ ဒေါ်ခင်ကြည်အား ဓားဖြင့်ထောက်၍ ဒေါ်ခင်ကြည်နှင့် ဒေါ်အေးစန်းတို့ ဝတ်ဆင်ထားသည့် ရွှေထည်ပစ္စည်း ၄ မျိုး စုစုပေါင်းတန်ဖိုး ၅၁ သိန်းကျပ်ခန့်နှင့် နေအိမ်ဘီရိုအတွင်း သိမ်းဆည်း ထားသည့်ငွေကျပ် ၅ သိန်းတို့အား ဓားပြတိုက်ယူဆောင်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိ နိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထားလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ စိစစ်ဖော်ထုတ်ချက်
နေပြည်တော်၊ ဇွန် ၁
၂၀၂၂ ခုနှစ်၊ မေလ ၃၁ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အနော်ရထားလမ်းပေါ်ရှိ ဘားလမ်းကားမှတ်တိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသား ၉ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇွန် ၁
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူဦးရေ ၅၂ သိန်းကျော်ရှိပြီဖြစ်
နေပြည်တော်၊ မေ - ၃၁
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူ များအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ကျောင်းအပ်စတင် လက်ခံသည့် မေ ၂၆ ရက်မှ ယနေ့အထိ ၆ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များ၌ ကျောင်းအပ်နှံသူ ကျောင်းသား၊ ကျောင်းသူ ၅၂၆၄၉၄၆ ဦး ရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။