နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ဦးမောင်းဟာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ ရဲမေများနှင့် တွေ့ဆုံ
နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၁
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဦးမောင်းဟာ တို့သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်သူ့ဆေးရုံအုပ်ကြီးရုံးရှိ အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။