တစ်ဦးချင်းလုပ်ဆောင်ရမည်တာဝန်များကိုမှန်မှန်ကန်ကန်ကျေပွန်စွာဆောင်ရွက်ခြင်းဖြင့်စွမ်းရည်ရှိသည့်တပ်မတော်စွမ်းအားရှိသည့် တပ်မတော်ကို တည်ဆောက်
နေပြည်တော်၊ အောက်တိုဘာ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ပြည်တပ်နယ်နှင့် ပန်းတောင်းတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား ပြည်တပ်နယ်ရှိ နဝဒေးခန်းမ၌ တွေ့ဆုံအမှာစကား ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များနှင့် ဇနီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီးနောက်ပြည်တပ်နယ်သို့ ပထမဆုံး လာခြင်းဖြစ်ကြောင်း ပြောကြားပြီး တပ်မတော်မှ နိုင်ငံရေးအရ အရေးပေါ် အခြေ အနေကြေညာခဲ့ရကာ နိုင်ငံ့တာဝန်ထိန်းသိမ်းဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ရှင်းလင်း ပြောကြားသည်။
ထို့နောက် တပ်မတော်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို တာဝန်ယူ ဆောင်ရွက်နေရသည့်အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း၍ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံရေးအရဆူပူမှုများ၊ အကြမ်းဖက်မှုများကို ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် အကြပ်အတည်းများရှိခဲ့ ကြောင်း၊ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများကိုလည်း အစိုးရ၊ ပြည်သူနှင့် တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်း၍ အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ရောဂါကာကွယ်ဆေးရရှိရေးအတွက်လည်း ပြည်ပနိုင်ငံများ သို့ မိမိကိုယ်တိုင် ဆက်သွယ်၍ အမြန်ဆုံးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး တာဝန်သိ ပြည်သူများ၏ ဝိုင်းဝန်းကူညီမှု၊ စည်းကမ်း လိုက်နာမှု တို့ဖြင့် ၎င်းအခက်အခဲများ၊ လိုအပ်မှုများကို ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံသည် ရေမြေကောင်းများရှိပြီး စားရေရိက္ခာပေါများကြောင်း၊ ကိုဗစ် -၁၉ ရောဂါဖြစ်ပွားချိန်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ခဲ့ခြင်းကြောင့် စားရေရိက္ခာများကို ပြည့်ဝစွာရရှိခဲ့ ကြောင်း၊ ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးသည်တိုးတက်ကောင်းမွန်လာပြီဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ EAO များ၏ အကြမ်းဖက်တိုက်ခိုက်မှုနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုဟူ၍ နှစ်မျိုးရှိပြီး PDF အကြမ်းဖက်တိုက်ခိုက်သူများသည် ပြည်သူများကြားမှ ပြည်သူများ ကို အကာအကွယ်ယူ၍ တိုက်ခိုက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်သား များ နှင့် ပြည်သူများ တစ်သားတည်းဖြစ် အောင်ဆောင်ရွက်၍ အကြမ်းဖက်မှုများကို နှိမ်နင်း ရန်လိုကြောင်း၊ နဝတ၊ နယက ခေတ်များတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ချိန်တွင် အချို့သော အုပ်ချုပ်မှုဆိုင်ရာအားနည်းချက်များ ရှိခြင်းကြောင့် တပ်မတော်အပေါ် အချို့သော ပြည်သူများအနေဖြင့် အမြင်မကြည်လင်မှုများ ရှိနိုင်ကြောင်း။
၂၀၁၀ ပြည့်နှစ်တွင် မိမိတပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင် ချိန်၌ တပ်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်တိုးတက် အောင် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်နှင့်ပြည်သူ ဆက်ဆံရေးတိုးတက်ခိုင်မြဲအောင်လည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တပ်မတော်၏ အဆင့်ဆင့်တိုးတက်မှုများရှိလာခြင်းကြောင့် ၂၀၁၁ - ၂၀၂၀ ဒီမိုကရေစီအစိုးရလက်ထက်တွင် တပ်မတော်နှင့်ပြည်သူများအကြား တိုးတက်လာသည့် ဆက်ဆံရေးကို မလိုလားသည့် ပြည်တွင်းပြည်ပမှ မသမာသူများက အချင်းချင်း သွေးကွဲစေရေး အတွက် သွေးထိုးလှုံ့ဆော်မှုများရှိခဲ့ကြောင်း၊ ထို့ကြောင့် လက်ရှိဖြစ်ပေါ်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးပြောင်းလဲမှုကာလတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း။
တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးကိုဆောင်ရွက်သည့် အဖွဲ့အစည်း တစ် ခုဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်ကြားပေးထားသည့် ကာကွယ်ရေး ပညာရပ်များကို အမြဲမပြတ် ပြန်လည်လေ့လာ၊ လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ ကျန်းမာ ကြံ့ခိုင်မှုရှိစေရန်အတွက်လည်း အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ တပ်မတော် သားများ အနေဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း နေထိုင်ကြရန်လိုပြီး တပ်မတော် သားများစည်းကမ်းကောင်းမွန်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ် ဆောင်ရွက် နေရန်လိုကြောင်း။