တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲ ပြုလုပ်
နေပြည်တော်၊ မေ - ၂၄
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုပေးပွဲကို မေ ၂၃ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။


































































































































































