ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၇ / ၂၀၂၃

Monday, March 6, 2023 - 16:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၁၇ / ၂၀၂၃

၁၃၈၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ရက်

( ၂၀၂၃ ခုနှစ်၊ မတ်လ ရက် )

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

ဤဥပဒေကို ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို ပြင်ဆင်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

၂။      ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၆ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၆။    ဝန်ကြီးဌာနသည် အောက်ပါအချက်တစ်ချက်နှင့် ငြိစွန်းကြောင်း တွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်း ခြင်း သို့မဟုတ် ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်သည်-

(က) လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရရှိသူသည် ယင်းလက်မှတ်ကို ရရှိရန် မရိုးမဖြောင့် သောသဘောဖြင့်ဖြစ်စေ၊ လိမ်လည် လှည့်ဖြား၍ဖြစ်စေ လျှောက်ထားခဲ့ခြင်း၊

(ခ) ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယ ရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသော အထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော် လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်း တွေ့ရှိခြင်း။”

 ၃။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

“၉။ ဝန်ကြီးဌာနသည် ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည့်  ထုတ်ဝေစာနှင့်စပ်လျဉ်း၍ တရားမဝင် ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာ နိုင်သည်။"

၄။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၀ ကို အောက်ပါအတိုင်း အစား ထိုးရမည်-

*၁၀။တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်သည် နှင့် တစ်ပြိုင်နက်ရဲအရာရှိ သို့မဟုတ် ဤကိစ္စအလို့ငှာ ဝန်ကြီးဌာနက အာဏာအပ်နှင်းထားသော အခြားသူတစ်ဦးဦးသည် ယင်းတရားမဝင် ထုတ်ဝေစာများကို ရာဇဝတ်ကျင့်ထုံးဥပဒေနှင့်အညီ သိမ်းယူနိုင်သည်။”

၅။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ ( ခ ) တွင်ပါရှိသော “ပုံနှိပ်သူသည် ၎င်းပုံနှိပ်သော" ဆိုသည့် စကားရပ်ကို “ထုတ်ဝေသူသည် ၎င်း ထုတ်ဝေသော” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။

--------------------------------------------------------------------

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

 

(ပုံ) မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ