news

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက ရပ်/ကျေးစာရေးအမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

             ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား အကြမ်းဖက်သမားများအနေဖြင့် လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အနိုင်အထက်ပြုကျင့်ကာ အတင်းအကြပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ် ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ ဒလန်၊ သတင်းပေး”ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့၌  စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်သမားများက မင်းကုန်းကျေးရွာနေ ရပ်/ကျေးစာရေးအမျိုးသမီးတစ်ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြောင်း သိရ သည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော()ကျေးရွာနေ ၁၃ နှစ်အရွယ် ကျောင်းသူ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

          စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ သခွတ္တော(မ)ကျေးရွာနေ ၁၃ နှစ် အရွယ် ကျောင်းသူတစ်ဦးအား ဖေဖော်ဝါရီ ၂၀ ရက်တွင် PDF အမည်ခံအကြမ်းဖက် သမားများက အကြောင်းမဲ့ဓားဖြင့် ရက်စက်စွာသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွား ခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ တမ္မကောက်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီးအား အကြမ်းဖက်သမားများက ရက်စက်စွာသတ်ဖြတ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးအား မိုင်းထောင်ဖောက်ခွဲ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

            အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမား များအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများ၊ နိုင်ငံတော်ပိုင်အဆောက်အဦ များကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် တာဝန်ထမ်းဆောင် နေကြသည့် ဆရာ၊ ဆရာမများ၊ နိုင်ငံ့ဝန်ထမ်းများကိုလည်း အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။

CASE CONCERNING

APPLICATION OF THE CONVENTION ON THE

PREVENTION AND PUNISHMENT

OF THE CRIME OF GENOCIDE

 

(THE GAMBIA v. MYANMAR)

 

21 FEBRUARY 2022

 

FIRST SPEECH OF

 

MR CHRISTOPHER STAKER

 

Genocide Convention အရလျှောက်ထားသောအမှု

(ဂမ်ဘီယာနိုင်ငံ နှင့် မြန်မာနိုင်ငံ)

၂၁ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၃

တိုင်းဒေသကြီးနှင့်ပြည်နယ်များ၌ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၃

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူ များ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်း သား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့ များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။