နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
news
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ထောင်ထား သည့် လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ NGO(ASELF Tot Health)အဖွဲ့မှ ကျန်းမာရေးဝန်ထမ်း တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ညနေ ၄နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းဈေးဘူတာရုံလမ်းနှင့် သမိုင်း (၇)လမ်းထိပ်တွင် YBS ယာဉ်လိုင်း အမှတ် (၆၁)ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည် အမျိုးသမီး ၁ ဦးနှင့် အခြားခရီးသည်များထံမှ လက်ကိုင်ဖုန်းများအား အုပ်စုဖွဲ့၍ ရိုက်နှက်လုယက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ သတင်းပေးပို့တိုင်ကြားလာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများ ဖော်ထုတ် ဖမ်းဆီးရမိနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ပိတ်ဆို့စစ်ဆေးမှုများဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပညာရေးဝန်ကြီးဌာန Naypyitaw State Academy ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၄၂၈၄ ဦး၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တို့၌ ဒေသခံပြည်သူ ၂၇၈ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၃၈၁၉ ဦးနှင့်တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တာဝန်အား လွှဲပြောင်း ရယူပြီးနောက် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အစဉ်အမြဲရှေးရှုဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်အစိုးရသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးရည်ရွယ်၍ ပြစ်ဒဏ်ကျခံ နေရသူများအပေါ်တွင်သော်လည်းကောင်း၊ အကြောင်းအရာတစ်မျိုးမျိုးဖြင့် ပြစ်မှု ကျူးလွန်ထားသူများမှအပ စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေသူများအပေါ်တွင် လည်းကောင်း အတတ်နိုင်ဆုံး အထူးသက်ညှာစွာဖြေလျော့ ဆောင်ရွက်ပေးလျက် ရှိသည်။
(၁၆) ကြိမ်မြောက် ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
မန္တလေး နိုဝင်ဘာ ၈
၂၀၂၂ ခုနှစ်၊ (၁၆)ကြိမ်မြောက် ပြင်ဦးလွင်မြို့၊ တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်း အနားကို ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်၊ ၂၀၂၂ ခုနှစ် ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့၊ ဓမ္မရတီကုန်းမြေပေါ်တွင် တည်ထားကိုးကွယ်လျှက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး(ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင် ခရိုင်/မြို့နယ် အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ကျောင်းသား/ ကျောင်းသူလေးများက ‘‘ ပြင်ဦးလွင်မီးပုံးပျံပွဲတော်’’ သီချင်းဖြင့် “ပြင်ဦးလွင်မှ ကြိုဆိုပါ၏” စာတန်းဖြင့် သရုပ်ဖော်ဖျော်ဖြေ ကပြတင်ဆက်ပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် ပွဲတော်ကျင်းပရေး ဦးစီး ကော်မတီမှ လွှတ်တင်မည့်မီးပုံးပျံအား နာယကကြီးများ၊ ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများမှ မီးစာထွန်းညှိ၍ မီးပုံးပျံလွှတ်တင်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပွဲတော်အောင်မြင်ခြင်းအထိမ်းအမှတ် အမှာ စကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များက မီးပုံးပျံပြိုင်ပွဲနှင့် အားကစားပွဲများတွင် ဆုရရှိသူများအား ဆုများကိုအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာလ(၄)ရက်မှ ယနေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ပွဲတော်ကာလ၌ မဟာအံ့ထူးကံသာဘုရားအား မသိုးသင်္ကန်း ဆက်ကပ် ပူဇော်ခြင်း၊ ဘုရားရင်ပြင်တော်တွင် ဆီမီး (၉) ထောင် ထွန်းညှိပူဇော်ခြင်း၊ စတုဓိသာကျွေးမွေးခြင်း စသည့်ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ပြီး စိန်နားပန် မီးပုံးပျံများနှင့် ညမီးကျည် မီးပုံးပျံများ လွှတ်တင်ပြိုင်ပွဲ၊ နေ့အရုပ်လှမီပုံးပျံများ လွှတ်တင်ပြိုင်ပွဲ၊ ရိုးရာခြင်းအလှခတ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲ စသည့်ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပခဲ့သည်။
ထို့အပြင် ပွဲတော်လာပြည်သူများကို နိုင်ငံကျော်အနုပညာရှင်များ၊ မန္တလေးမြို့ ကျက်သရေဆောင် မြို့မတူရိယာအဖွဲ့နှင့် ကျောက်ဆည်မြို့၏ ဆင်ကအဖွဲ့များက ဧည့်ခံ ဖျော်ဖြေခဲ့ကြပြီး အစားအသောက်နှင့် လိုအပ်သည့်ပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက်လည်း စားစရာအစုံအလင်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံပါသည့် ဆိုင်ခန်းများ၊ ကုမ္ပဏီ အရောင်းပြခန်းများ ကိုပါ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့ ၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022) သို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော်၊ နိုဝင်ဘာ ၈
ဂရိနိုင်ငံ၊ အေသင်မြို့ရှိ Hellenic Police Headquarters ၌ ၂၀၂၂ခုနှစ်၊အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်း အဖွဲ့၏ နှစ်ပတ်လည်ညီလာခံ (International Negotiators Working Group – Annual Conference 2022)သို့ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးချုပ် ကျော်လင်း ဉီးဆောင်သောကိုယ်စားလှယ် ၂ ဉီးတက်ရောက်ခဲ့ပြီး ဉရောပသမဂ္ဂအဖွဲ့ဝင် ၁၉ နိုင်ငံနှင့် အမေရိကန်၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ အိုက်စ်လန်၊ နော်ဝေ၊ ကနေဒါ၊ နိုင်ဂျီးရီးယား၊ ဩစတြေးလျ၊ မက်စီဒိုးနီးယား၊ အရှေ့အလယ်ပိုင်းဒေသ ၄ နိုင်ငံ တို့မှ ကိုယ်စားလှယ်များ၊ အာရှနိုင်ငံများမှ မြန်မာနိုင်ငံ၊ ဂျပန်၊ တရုတ်၊ ဖိလစ်ပိုင်နှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ် များ စုစုပေါင်း (၁၀၅)ဉီး တက်ရောက်ခဲ့ပါသည်။
ညီလာခံတွင် ဂရိနိုင်ငံရဲတပ်ဖွဲ့၊ နော်ဝေနိုင်ငံရဲတပ်ဖွဲ့၊ ဆိုက်ပရပ်နိုင်ငံရဲတပ်ဖွဲ့၊ အစ္စရေးနိုင်ငံ ရဲတပ်ဖွဲ့၊ နယ်သာလန်နိုင်ငံရဲတပ်ဖွဲ့၊ ပြင်သစ်နိုင်ငံရဲတပ်ဖွဲ့၊ ဂျာမနီနိုင်ငံရဲတပ်ဖွဲ့၊ ဉရောပရဲအဖွဲ့၊ ပြည်ထောင်စုစုံစမ်းထောက်လှမ်းရေးအဖွဲ့(FBI)၊ ဂရိနိုင်ငံ (Center for Security Studies/Kentro Meleton Asfaleias – KEMEA)၊ အမေရိကန်ပြည်ထောင်စု (Foundation for Defense of Democracies နှင့် The Fletcher School of Law and Diplomacy/Tufts University)၊ ဗြိတိန်နိုင်ငံ (London Metropolitan Police ၊ National Crime Agency – NCA ၊ Global Interagency Security Forum – GISF နှင့် College of Policing)၊ ဉရောပနိုင်ငံများမှအကြံပေး အဖွဲ့များကွန်ယက် (European Network of Advisory Teams - EuNAT)တို့မှ စေ့စပ်ညှိနှိုင်းရေး တပ်ဖွဲ့ဝင်များ၊ ကျွမ်းကျင်သူများ၊ စိတ်ပညာရှင်များ က ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပြန်ပေးဆွဲခြင်းများနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းခြင်းဆိုင်ရာ အတွေ့အကြုံဗဟုသုတများ၊နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများနှင့်နည်းဗျူဟာများကိုရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ဓားစာခံများအားသတ်ဖြတ်ခြင်းကို The International Convention against the Taking of Hostages အပါအဝင် နိုင်ငံတကာ ကွန်ဗင်းရှင်းများက တင်းကျပ်စွာတားမြစ်ပိတ်ပင်ထားကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိပြည်တွင်းဉပဒေများရေး ဆွဲပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးဉပဒေတွင်ဓားစာခံအဖြစ်ဖမ်းဆီးထိန်းသိမ်းသည့် အကြမ်းဖက်ကျူးလွန်မှုများမ ဖြစ်ပွားစေရေး ကြီးကြပ်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အဆိုပါပြဋ္ဌာန်းချက်ကို အကောင်အထည်ဖော်ရေးအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေရေးဆွဲလျှက်ရှိပြီး ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံတကာစေ့စပ်ညှိနှိုင်းသူများလုပ်ငန်းအဖွဲ့၏ နှစ်ပတ်လည်ညီလာခံ(၂၀၂၃)ကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံမှတစ်ဆင့်ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။








































































