news

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၆

            ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Sinekalone Shutter)တွင် အခြေပြု၍ ဒေသခံပြည်သူ ၁၀၄၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၂ ဦး၊ ခွဲစိတ်ရောဂါ ၇၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၅၈ ဦး၊ အရိုးရောဂါ ၁၉၅ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၂ ဦး၊ မျက်စိရောဂါ ၁၇၇ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၅ ဦး၊ စုစုပေါင်း ၁၀၄၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၅ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၇ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ်မော်တော် ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်အဖွဲ့က အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှု ကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံး

နေပြည်တော်၊ နိုဝင်ဘာ ၁၆

                 မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ကန်ကျေးရွာအနီး၌ အရပ် မော်တော်ယဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

                 ဖြစ်စဉ်မှာ ပုသိမ်ကြီးမြိုနယ်၊ ကြာနီကန်ကျေးရွာနေ ယာဉ်မောင်း ဦးတင်သောင်း မောင်းနှင်သည့် စီနိုထရပ်အမျိုးအစား အဖြူရောင်မြေသယ်ယာဉ် သည် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ကင်းရွာမှ ပြင်ဦးလွင်မြို့သို့သွားရောက်ရန် ထွက်ခွာ လာစဉ် တောင်ကန်ကျေးရွာအနီးသို့အရောက် PDF အမည်ခံအကြမ်းဖက် သမားများက လမ်း၏ ဝဲ/ယာ တောင်ဘက် ၂ ပေခန့် အကွာမှမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း ဦးတင်သောင်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည်။

                 အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ၍နယ်မြေလုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့် ယာဉ် မောင်းဖြစ်သူအား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသမှု ခံယူစေခဲ့သော် လည်း ရရှိဒဏ်ရာများကြောင့် နံနက် ၇ နာရီခန့်တွင် သေဆုံးသွားခဲ့သည်။

                 PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် စစ်ရေးနှင့်မသက်ဆိုင် သည့် အပြစ်မဲ့ ရဟန်းသံဃာများ၊ ပြည်သူများနှင့် ဝန်ထမ်းများကို အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခြင်းများ မကြာခဏပြုလုပ်လျက်ရှိသကဲ့သို့ အရပ်ဘက် မော်တော်ယာဉ် များကိုလည်း အကြောင်းမဲ့ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ပြုလုပ်လျက် ရှိခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခြင်းနှင့် သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိ ကြောင်းသတင်းရရှိသည်။

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်  နှင့် ဒေါက်တာမျိူးသိန်းကျော် တို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့

မော်စကိုမြို့ရှိ Obninsk တက္ကသိုလ် ၊ Rosatom Technical Academy နှင့် Obninsk Nuclear Power Plant သို့ သွားရောက်လေ့လာ                                                 

နေပြည်တော်၊ နိုဝင်ဘာ   ၁၆

              ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝင်ကြီးဒေါက်တာမျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဉီးလွင်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၅ ရက်တွင် မော်စကိုမြို့ရှိ Obninsk တက္ကသိုလ်၊ Rosatom Technical Academy နှင့် ကမ္ဘာ့ပထမဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံ Obninsk Nuclear Power Plant များသို့ သွားရောက် လေ့လာကြသည်။

              ဉီးစွာ ပြည်ထောင်စုဝန်ကြီး များဖြစ်သည့် ဦးသောင်းဟန် ၊ ဒေါက်တာ မျိုးသိန်းကျော် တို့ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြပြီး အစည်းဝေး ခန်းမတွင် ပါမေက္ခချုပ် Alexey Panov Tatiana Osipova နှင့် တာဝန်ရှိသူတို့က နိုင်ငံပေါင်း ၆၈ နိုင်ငံတို့မှ လာရောက်၍ ပညာတော်သင် ကျောင်းသူ/ ကျောင်းသား များအား စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုဆိုင်ရာများ၊ တက္ကသိုလ်တွင် ဖွဲ့စည်းထားရှိသော ဌာနတစ်ခုချင်းစီ၏ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အချက် အလက်များ အားရှင်းလင်း တင်ပြကြသည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးများက နှုတ်ခွန်းဆက်စကားများ ပြောကြား ပြီး တက္ကသိုလ်နှင့် ပါတ်သက်၍ သိရှိလိုသည်များအား အသေးစိတ်မေးမြန်း ကြသည်။

              ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Obninsk တက္ကသိုလ်အတွင်း Engineering၊ Obninsk Institute For Nuclear Power၊ Rosatom Resource Center တို့အားလည်းကောင်း၊ Innovation and Technology Center ရှိ Design Laboratories and student office တို့အားလည်းကောင်း၊ Nuclear Power Plant Sinmulator များ၊ Pharmaceutical Center for Practical Competencies and Training and Simulation Center တို့အားလှည့်လည် ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြမှုများအပေါ် သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးကြကာ အမှတ်တရလက်ဆောင်ပစ္စည်များ အပြန်အလှန် ပေးအပ် ကြပြီး အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် Rosaton Technical Academy သို့သွားရောက် လေ့လာကြရာ တက္ကသိုလ်ရှင်းလင်းဆောင်၌ ပါမောက္ခချုပ် Yuri Seleznev က တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ ဘာသာရပ်ဆိုင်ရာများအလိုက် လေ့ကျင့်သင်ကြား ပေးမှုများ၊ သင်တန်းသားများအား စာတွေ့လက်တွေ့သင်ကြားပေးနေမှုများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူပေါင်းဆောင်ရွက်နေမှုအခြေအနေများအား ပါဝါပွိုင့် များဖြင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများ က သိရှိလိုသည်များအား ပြန်လည် မေးမြန်းဆွေးနွေးကြပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ် သည်။

              ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် အဆိုပါတက္ကသိုလ်အတွင်း စာပေဌာနတစ်ခုခြင်းစီအလိုက် စာတွေ့ လက်တွေ့လေ့ကျင့် သရုပ်ပြသမှုများ၊ ဓာတ်ခွဲစမ်းသပ်ခန်းများ၊ ဆေးပညာရပ် ဆိုင်ရာလေ့ကျင့်သင်ကြားပေးနေမှုများ၊ နျူကလီးယား စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်ပုံအဆင့်ဆင့်အား 3D နည်းပညာဖြင့် ရှင်းလင်းပြသမှုများအား လိုက်လံကြည့်ရှုလေ့လာကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက အသေးစိတ် ရှင်းလင်း ပြသကြသည်။

              ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဉီးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကာလုကာခရိုင်ရှိ ကမ္ဘာ့ပထမဆုံး နျူကလီးယားဓာတ်အား ပေးစက်ရုံ Obninsk Nuclear Power Plant  အား သွားရောက် ကြည်ရှုလေ့လာခဲ့ကြသည်။

              အဆိုပါ Obninsk Nuclear Power Plant သည် ၁၉၅၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး  ၁၉၅၄ ခုနှစ်တွင် စက်ရုံစတင်လည်ပါတ်ခဲ့သည်။ 6 MW တပ်ဆင်အင်အားရှိသည့်စက်ရုံမှ ၁၉၅၄ ခုနှစ်တွင် မဟာဓာတ်အားလိုင်းနှင့် ချိတ်ဆက်ပြီး စတင်ဓာတ်အားဖြန့်ဖြူးခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် ဓာတ်အားပေး စက်ရုံကို ဓာတ်အားထုတ်လုပ်ခြင်းအား ရပ်ဆိုင်းထားပြီး ပြန်လည်မွန်မံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ နှစ်ပေါင်း  ၄၈ နှစ်ကြာသည့်တိုင်အောင် လည်ပတ်မောင်း နှင်ခဲ့ရာတွင်  မည်သည့်ထိခိုက်မှုတစ်စုံတရာမျှမရှိဘဲ နိုင်ငံတကာမှ အလေးထား လာရောက် လေ့လာနေရသည့် စက်ရုံတစ်ခုလည်းဖြစ်သည်။ ယခုအခါတွင် စက်ရုံအား ပြတိုက်အဖြစ်ဆောင်ရွက်ထားရှိပြီး Hight Power Channel Type Reactor သုံး ဓာတ်အားပေးစက်ရုံအမျိုးအစားဖြစ်ကြောင်းသိရှိရသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၆

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်နေ မီမီသင်းသည် ၎င်းအသုံးပြုသည့် “Mi Mi Thin” Facebook အကောင့်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာနေ ဇာဇာဝင်း(ခ)မဝတုတ်သည် ၎င်းအသုံးပြုသည့် “Zar Zar Win” Facebook အကောင့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ မော်လိုက်ကလေးကျေးရွာနေ တင်မောင်ရွှေ(ခ)ပိုင်စိုးဦးသည် ၎င်းအသုံးပြုသည့် “Lion Man” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေ နှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၁၆

          တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ အမှတ်(၂) ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြန်လည် ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ သပိတ် ကျင်းတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေ သကြီး၊ သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူ များထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

          PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ပြန်လည်ဝင်ရောက်ခြင်း ပြု မည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထား ပြီးဖြစ်ရာ ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်း အပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။

မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၌ PDF အမည်ခံအကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

               နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေး နှင့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားမှုမရှိစေရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် စစ်ဆေးရှာဖွေမှုများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို နေ့ည မပြတ် ဆောင်ရွက်လျက်ရှိသည်။

               ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် နိုဝင်ဘာ ၁၄ ရက် နံနက် ၅ နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသည့် တပ်ဖွဲ့ဝင်များသည် သတင်းအရ ကဒါရဲကင်းစခန်း၏ အရှေ့ဘက် မီတာ ၃၀၀ ခန့်အကွာ၌ စောင့်ဆိုင်း နေစဉ် ချောင်းနှစ်ခွ- မုဒုံလမ်းအတိုင်း မသင်္ကာဖွယ်အမျိုးသား  ၂ ဦး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ် ၁ စီးအား  တားဆီးရပ်တန့်စေခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မုဒုံဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လန့်ပစ်ခတ်ဖမ်းဆီးခဲ့ရာ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ အမှတ်(၁၀) နေ ဉာဏ်ထက်ကို(၂၁)နှစ်နှင့် မော်လမြိုင်မြို့၊ ဘက်လှိုင်ရပ်ကွက်နေ စည်သူဖြိုး (၂၂)နှစ် တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ PDF အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် စာရွက်စာတမ်းများ၊ ၎င်းတို့ ကိုင်ဆောင်သည့် ဖုန်းများအတွင်းမှ PDF အကြမ်းဖက် သင်တန်းတက်ရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား တွေ့ရှိခဲ့ ရသည်။

               ဖမ်းဆီးရမိသူများအား ထပ်မံစစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့နှင့် ဆက်စပ်သည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်၊ ဇေယျာ(၃)လမ်းရှိ အငှားတိုက်ခန်းတွင် ရောက်ရှိလျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် များက စစ်ဆေးရန်သွားရောက်ခဲ့ရာ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်တွင် အဆိုပါ တိုက်ခန်း၏အရှေ့သို့ ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက် ငယ်များဖြင့် စတင်ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် မော်လမြိုင်မြို့၊ ဂွေးကုန်းရပ်ကွက်နေ ဦးကျော်မိုး (၃၁)နှစ်နှင့် ဇေယျာသီရိရပ်ကွက်နေ ဦးဟိန်းကိုဦး (၃၂)နှစ် တို့တွင် လက်နက်ငယ်ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

               ၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အမည်ခံအကြမ်းဖက် သမားများ ခိုအောင်းလျက်ရှိသည့် အဆောက်အဦအား ဝိုင်းပတ်ပိတ်ဆို့ထားရှိပြီး ဇေယျာ(၃)လမ်းရှိ လူနေအိမ်များမှ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေ ရေး အတွက် ဘေးလွတ်ကင်းသည့် နေရာသို့ ရွှေ့ပြောင်းမှုများ ဆောင်ရွက်ပေးခဲ့သည်။

               ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် PDF အမည်ခံအကြမ်းဖက် သမားများအား လက်နက်ချအညံ့ခံရန် ပြောဆိုခဲ့ရာ လက်နက်ချခြင်းမရှိဘဲ လက်နက် ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ပြန်လည်ပစ်ခတ်၍ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်ခန့်တွင် PDF အမည် ခံအကြမ်းဖက်သမားများဖြစ်သည့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ သန့်ဇင်လင်း (ခ)မျက်နှာမဲ (၁၈)နှစ်၊ ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက်နေ ဇော်ထက်အောင်(ခ) ဆံရှည် (၃၀)နှစ်၊ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ ကျော်သက်ဦး (၂၂)နှစ်၊  ဖြိုးကို အောင်(၂၃)နှစ်၊ ထက်အောင်(ခ)သခေါ(၂၀)နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နေ နှင်းကလျာ(ခ)ပိုးလေး(၁၆)နှစ် တို့အား တူရကီနိုင်ငံထုတ် Zoraki အမျိုးအစား ပစ္စတိုသေနတ် ၂ လက်၊  ချက်စ်နိုင်ငံထုတ် CZ  အမျိုးအစား ပစ္စတို သေနတ် ၁ လက်၊ ၉ မမကျည် ၅၂ တောင့်၊ ပစ္စတို ကျည်အိမ် ၃ ခု၊  ယမ်းဗူး ၅ ဗူး၊ ဒေသန္တရ လက်လုပ် မိုင်း ၉ လုံး၊ ပစ္စတို အပစ်လက်ကိုင် ၁ ခု၊ လက်ကိုင် ဖုန်း ၃ လုံး၊ ဆက်စပ် ပစ္စည်းများအားနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

               အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သည့် ဖမ်းဆီးရမိ PDF အမည်ခံ အကြမ်းဖက်သမား  အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦးနှင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးတို့အား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်၍ဆေးကုသမှုခံယူစေလျက်ရှိ သည်။ အဆိုပါဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူ ၂ ဦးအနက် ဦးဟိန်းကိုဦး (၃၂) နှစ်သည် ဆေးကုသမှုခံယူနေစဉ်အတွင်း ရရှိဒဏ်ရာများဖြင့် ည ၈ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

               ဖမ်းဆီးရမိ PDF အမည်ခံအကြမ်းဖက်သမားများအား ဥပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဆက်စပ်သူများ ကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာ နေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင် ပါကြောင်းနှင့် မြို့/ရွာများ အမြန်ဆုံးတည်ငြိမ်းအေးချမ်းရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံထား ကြောင်း   သတင်းရရှိ သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (/ ၂၀၂၂) သို့တက်ရောက်အမှာစကားပြောကြား

 နေပြည်တော် နိုဝင်ဘာ ၁၅

             အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီခွဲ တွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

             အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ဒုတိယ ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များ နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အသင်းအဖွဲ့များမှတာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

             ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်  ယနေ့အချိန်အခါ တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖွံဖြိုးပြီးနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများပါစီးပွားရေး အရ၊ လူမှုရေးအရ တိုက်ရိုက်အကျိုးသက်ရောက်မှု ကိုခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ကမ္ဘာ့စီးပွားရေးသည် အဆိုးရွားဆုံးအခြေအနေသို့ ကျရောက်ခဲ့သကဲ့သို့ တစ်ဦးချင်း ဝင်ငွေများလည်း ကျဆင်းသွားခဲ့ကြောင်း၊ လူသန်းပေါင်းများစွာသည် အလွန်ဆင်းရဲ သည့် အခြေအနေသို့ ကျရောက်ခဲ့ရကြောင်း၊  အဆိုးရွားဆုံးထိခိုက်ခဲ့သည်မှာ ကမ္ဘာ့ ကုန်သွယ်ရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ လူသုံးကုန်ပစ္စည်း တင်ပို့မှုနှင့် ပြင်ပဘဏ္ဍာငွေ ကိစ္စရပ်များ  ထိခိုက်နစ်နာအကြီးမားဆုံးဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ကြောင့် ကဏ္ဍအသီးသီးရှိ လုပ်ငန်းများရပ်နားရခြင်း၊ အနည်းဆုံးနှင့်အကျဉ်းဆုံး လုပ်ငန်းပြန်စ နေရခြင်းစသည့် အကန့်အသတ်များကြောင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုကို လည်း ထိခိုက်ခဲ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အခြားနိုင်ငံများနှင့်အတူ ခံစားခဲ့ရကြောင်း၊ အထူးသဖြင့် ငွေကြေး အရင်းအနှီးအားနည်းသည့်  MSME လုပ်ငန်းများ ပိုမိုထိခိုက်ခံစားခဲ့ရပြီး ယခုအချိန်တွင် နိုင်ငံတော်က ကိုဗစ် ၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် လုပ်ငန်းများကို ကဏ္ဍအလိုက် ချေးငွေများထုတ်ချေးထားပြီး ချေးငွေကာလကိုလည်း သက်တမ်းထပ်မံတိုးမြှင့် ပေး ထားကြောင်း၊ နိုင်ငံ့စီးပွားရေး လုပ်ငန်းအားလုံး၏ ၉၉ ရာခိုင်နှုန်းသည် MSME လုပ်ငန်းများဖြစ်ပြီး နိုင်ငံ့စီးပွားရေးအတွက် အဓိက မောင်းနှင်အားလည်းဖြစ်ကြောင်း။

              စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ SME Member Card ထုတ်ပေးထားသည့်လုပ်ငန်းပေါင်း ၄၀၉၂၉ ခုရှိပြီး ပုဂ္ဂလိကစက်မှု လုပ်ငန်းဥပဒေအရ မှတ်ပုံတင်ထားသည့် လုပ်ငန်းများအနက် အသေးစားနှင့် အလတ် စားလုပ်ငန်း သတ်မှတ်ချက်ဖြင့် ကိုက်ညီသောလုပ်ငန်းများသည်လည်း ၄၅၀၀၀ ကျော် ရှိကြောင်း၊  ထို့ပြင်အခြားဝန်ကြီးဌာန ၁၃ ခုရှိ ဦးစီးဌာနများ၌ မှတ်ပုံတင်ထားသည့် လုပ်ငန်း ၂၅၃၀၀၀ ကျော် ရှိသည်ကို စာရင်းများအရသိရကြောင်း၊ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် MSME များ၏အခန်းကဏ္ဍသည် များစွာ အရေးကြီးကြောင်း၊ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စား နှင့်အလတ်စား စီးပွားရေး (MSME)  လုပ်ငန်းများဆက်လက်ရှင်သန်နေရန်နှင့် လုပ်ငန်းများ လည်ပတ် နေရန် အထူးလိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ၏အားသာချက်ပေါ် အခြေခံပြီး အသုံးချတတ်မည်ဆိုပါက အခွင့်အလမ်းကောင်းများ ရရှိလာနိုင်ကြောင်း၊ အခွင့် အလမ်းအနေဖြင့် တစ်ကမ္ဘာလုံးတွင်စားသောက်ကုန် ဆိုင်ရာထုတ်ကုန်များ လိုအပ် နေသည့်အတွက် နည်းပညာကောင်းများသုံးစွဲပြီး အန္တရာယ်ကင်းရှင်းသော တန်ဖိုးမြှင့် ထုတ်ကုန်များ၊ ဆန်းသစ်တီထွင်သည့် ထုတ်ကုန်များထုတ်လုပ်လာနိုင်ရေး၊ ကမ္ဘာ့ တန်ဖိုးမြှင့်ကွင်းဆက်နှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းထုတ်လုပ်မှု ကွန်ရက်များသို့ ဝင်ရောက်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြရန်လိုအပ်ကြောင်း။

             ကပ်ရောဂါကြောင့် စားသုံးသူများ၏ အပြုအမူနှင့် လိုအပ်ချက်များလည်း ပြောင်းလဲလာသည့် အတွက် MSME များအနေဖြင့် ဈေးကွက်သုတေသနရလဒ်များကို လေ့လာဆောင်ရွက်ရန်နှင့် ဒီဂျစ်တယ်နည်းပညာကို မဖြစ်မနေသုံးစွဲနိုင်ရန် လိုအပ်လာ ပြီ ဖြစ်ကြောင်း၊ သို့သော် MSME များအနေဖြင့် လက်ရှိအချိန်ထိ ဒီဂျစ်တယ်နည်းပညာ ကို ထုတ်လုပ်မှုပိုင်း၊ ဈေးကွက်မြှင့်တင်ရေးပိုင်းနှင့် ကုန်သွယ်ငွေလွှဲသည့် နေရာများ တွင် ကျွမ်းကျင်စွာသုံးစွဲရန်ခက်ခဲနေဆဲဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် MSME များ အခွင့်အရေးများလက်ဝယ်ရရှိနိုင်ရန်နှင့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းပေး နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း။

             ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ နှင့်ပတ်သက်၍ e-ID စနစ်မှစ၍ E- Goverment အထိသွားရောက်နိုင်ရန် ဆောင်ရွက် လျက်ရှိကြောင်း၊ အဆိုပါစနစ်များ ပြီးစီးသည့်အချိန်တွင် MSME လုပ်ငန်းများ၏ ဈေးကွက်သုတေသနလုပ်ငန်း၊  ဒစ်ဂျစ်တယ်နည်းပညာဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်း၊ ထုတ်လုပ်မှုအပိုင်း၊ ဈေးကွက်မြှင့်တင်ရေးနှင့် ရှာဖွေရေးအပိုင်း၊ ကုန်သွယ်ငွေလွဲမှု အပိုင်းများသည် အစိုးရမှလက်ရှိဆောင်ရွက်နေသည့် E-Goverment စနစ်တွင် အလို အလျောက်ပါဝင် သွားမည်ဖြစ်ကြောင်း၊

              မိမိတို့အနေဖြင့် MSME အေဂျင်စီဖွဲ့စည်းပြီး လိုအပ်သည့် လုပ်ထုံးလုပ်နည်း များအားလုံး ပြီးစီးချိန်တွင် မှတ်ပုံတင်ထားခြင်းမရှိသေးသည့် MSME လုပ်ငန်းများကို ဒီဂျစ်တယ်စနစ်ဖြင့် Online မှ မှတ်ပုံတင်ပေးနိုင်ရေး အေဂျင်စီများကလည်း ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင်လည်း အေဂျင်စီများနှင့်ပတ်သက်၍ တရားဝင်ဖွဲ့စည်းဆောင်ရွက်သွားရန် ဆွေးနွေးဆုံးဖြတ် သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဒစ်ဂျစ်တယ်နည်းပညာဖြင့် မိမိတို့လုပ်ငန်းများကို မှတ်ပုံ တင်ထားမှသာလျှင် နိုင်ငံတော်က ပံ့ပိုးပေးမည့် ငွေကြေးအရင်းအနှီးနှင့် အခွန်အခ သက်သာခွင့် အပါအဝင် အထောက်အပံ့အားလုံးကို ရယူခံစားခွင့်ရှိမည်ဖြစ်ကြောင်း။

             ထို့ပြင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်း အဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် မိန့်ကြားသွားသကဲ့သို့ MSME လုပ်ငန်းများအတွက် အဓိကကျသောလိုအပ်ချက်များဖြစ်သည့် ကုန်ကြမ်း၊ သွင်းအားစု၊ ကျွမ်းကျင်လုပ်သား၊ အရင်းအနှီးစသည့် အချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ အားလုံး ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းသွားရန်လိုကြောင်း။

             နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်များအတွင်း MSME လုပ်ငန်းရှင်များ                နှင့် တွေ့ဆုံရာတွင် လုပ်ငန်းရှင်များ၏ တင်ပြချက်များအနေဖြင့် ကဏ္ဍ ၇ ခုတွင် စုစုပေါင်း  ၉၅ ချက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အဆိုပါတင်ပြချက်များကို တစ်ချက် ချင်း ဆက်လက် အကောင်အဖော်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

             မိမိတို့လုပ်ငန်းကော်မတီသည် MSME ဗဟိုကော်မတီမှချမှတ်သည့် မူဝါဒ များနှင့် MSME လုပ်ငန်းလုပ်ကိုင်သူများကြား ပေါင်းကူးသဖွယ် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု၊ လုပ်ငန်းရှင်များ၏ လက်တွေ့လိုအပ်ချက်၊ အခက်အခဲ၊ လိုအပ်သည့်အကြံဉာဏ် နည်းပညာပေးခြင်း၊ လက်ခံခြင်း၊ ဖြည့်ဆည်းပေးခြင်း စသည် တို့ကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးရမည့် ကော်မတီတစ်ခုဖြစ်ကြောင်း၊ သို့ဖြစ်၍လည်း ဝန်ကြီးဌာနအများစုအပါအဝင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ မြန်မာနိုင်ငံ ဘဏ်များအသင်း၊ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ် ငန်းရှင်များအသင်း၊ မြန်မာ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်းတို့မှ တာဝန်ရှိသူတို့ဖြင့် ကျစ်လျစ်စွာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်းကော်မတီအဖွဲ့ဝင်တိုင်းသည် နိုင်ငံတော် ၏ စီးပွားရေးကဏ္ဍလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာစေရေး MSME ဗဟိုကော်မတီနှင့် MSME လုပ်ငန်းရှင်များအား အချိန်နှင့်တစ်ပြေးညီ လိုအပ်ချက်များအပေါ် ပေးထား သည့် လုပ်ငန်းတာဝန်များကြားမှ အားသွန်ခွန်စိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးလျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ကြရမည့်ကော်မတီဖြစ်၍လည်း တာဝန်ဝတ္တရားများ ကြီးမားသကဲ့သို့ အဆိုပါတာဝန် ဝတ္တရားများ ကျေပွန်စွာထမ်းဆောင်နိုင်စေရေး အတွက်လည်းလုပ်ငန်းကော်မတီဝင် အားလုံးမှ တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်း ညှိနှိုင်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း။

             ၎င်းအပြင် ဒေသဆိုင်ရာ အေဂျင်စီများအနေဖြင့် လစဉ်လုပ်ငန်း ဆောင်ရွက် ချက်များကို လုပ်ငန်းကော်မတီသို့ ပေးပို့တင်ပြသွားရမည်ဖြစ်ပြီး လုပ်ငန်းကော်မတီမှ တစ်ဆင့် ဗဟိုကော်မတီသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း၊ ဒေသအသီးသီးရှိ အလား အလာ ကောင်းသည့် ကုန်ကြမ်းများ၊ လယ်ယာ/ သား/ ငါး ထွက်ကုန်များကို နည်းပညာ စက်ပစ္စည်းအကူအညီဖြင့် ကုန်ကြမ်း အဆင့်မှ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖြစ်ပေါ်ရေး၊ တန်ဖိုးကွင်းဆက် မြှင့်တင်နိုင်ရေးတို့ကို အားသွန်ခွန်စိုက် ဆောင်ရွက်ပြီး နိုင်ငံ့ GDP ကို မြှင့်တင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

             ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် က သက်ဆိုင်ရာ အမှာစာများကို ဖတ်ကြားတင်ပြသည်။

             ယင်းနောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ ညွန်ကြားရေးမှူးချုပ်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ က အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

             ထို့နောက် လုပ်ငန်းကော်မတီတွဲဖက်အတွင်းရေးမှူး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  က အစည်းအဝေးဆုံးဖြတ်ချက်များကို အတည် ပြုချက်ရယူနိုင်ရန် ရှင်းလင်းတင်ပြသည်။

ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

           ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ စီသော်ကျေးရွာအတွင်းရှိ နေအိမ်များအား KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက နိုဝင်ဘာ ၁၃ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း သိရှိရသည်။

           ဖြစ်စဉ်မှာ ရွှေကူမြို့နယ်အတွင်း လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့်  လုံခြုံရေးတပ်ဖွဲ့ဝင်များသည်   နိုဝင်ဘာ ၁၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် စီသော် ကျေးရွာအနီးသို့ ရောက်ရှိစဉ် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  အကြမ်းဖက်သမားများသည် ကျေးရွာ၏ မြောက်ဘက် နှင့် အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး  ၎င်းတို့ဆုတ်ခွာရာ လမ်းတစ်လျှောက်ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးသွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်း သတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ ကြောင်း သိရှိရသည်။

           အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား ဉပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်‌ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၅

           ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာရှိ ဆိုင်ကလုန်းရှပ်တာ(Sinekalone Shutter)တွင် အခြေပြု၍ ဒေသခံပြည်သူ ၁၁၁၈ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

           ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၆၈ ဦး၊ ခွဲစိတ်ရောဂါ ၆၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၁ ဦး၊ ကလေးရောဂါ ၃၃ ဦး၊ အရိုးရောဂါ ၁၈၁ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၃၁၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၇၂ ဦး၊ စုစုပေါင်း ၁၁၁၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၄ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၁၀ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၄၄ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၃၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၈ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

           ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကာ  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၅

             အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

             ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

             ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မဇင်းရပ်ကွက်နေ ရဲနိုင်ဦး(ခ) မိုဟာမက်ဘေလာသည် ၎င်းအသုံးပြုသည့် “Ye Naing Oo” Facebook အကောင့်ဖြင့် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။