news

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် များအား ၎င်း၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ ၁၅

         တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင် များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်း၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေး အပ်လျက်ရှိသည်။

ယနေ့နေ့လယ်ပိုင်းတွင်လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်စီမံ အုပ်ချုပ်ရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကို ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ၊ ကလောတပ်နယ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဉပဒေ ဘောင်အတွင်း ဝင်ရောက်လာသူနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြ သည်။

         ဦးစွာ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား  ၁ ဦးအား ဝန်ခံကတိ လက်မှတ်ရေးထိုးစေကာ ၎င်း၏ မိဘအုပ်ထိန်းသူထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်ရှိ  နယ်မြေခံသင်တန်းကျောင်း အနော်ရထာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံ ခြင်းအခမ်းအနားကို ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင် အတွင်း ဝင်ရောက်လာသူများနှင့် ၎င်း၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

         ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ ဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေ သကြီး၊ ချမ်းမြသာစည်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ ပုသိမ်ကြီးမြို့နယ် မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး၊ မဟာအောင်မြေမြို့နယ်မှ   PDF အဖွဲ့ဝင်အမျိုးသား ၃ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသမီး ၁ ဦးနှင့်  စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်မှ PDF အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ စုစုပေါင်း    PDF အဖွဲ့ဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး တို့ကို ဝန်ခံကတိလက်မှတ်ရေးထိုး စေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

            ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာလမ်းခွဲ၌ မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံ အကြမ်းဖက် သမားများက နိုဝင်ဘာ ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

                                 

          ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၌ ဒေသခံပြည်သူ ၉၀ ဦး၊  ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၁၅၄၇ ဦးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၁၅၆၃ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

            ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဉ်းထောင်၏ ဝင်/ထွက်ပေါက်ဂိတ်ရှိ အကျဉ်းသားများ အတွက် ပါဆယ်ထုပ်လက်ခံသည့် အဆောက်အဦအတွင်းနှင့် အပြင်ဘက်တို့တွင် အကြမ်းဖက် သမားများ၏ ပါဆယ်ထုပ်များအတွင်း မိုင်းများထည့်သွင်းဖောက်ခွဲခဲ့မှုကြောင့် တာဝန်ဝတ္တရားများ ဆောင်ရွက်လျက်ရှိကြသည့် အကျဉ်းထောင်ဝန်ထမ်း ၃ ဦးနှင့် အကျဉ်းသားများအတွက် ပါဆယ်ထုပ် လာရောက်ပေးပို့သူ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း ၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြပြီး အကျဉ်းထောင်ဝန်ထမ်း ၅ ဦး၊ အကျဉ်းသားများအတွက် ပါဆယ်ထုပ်လာရောက်ပေးပို့သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကာ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ခဲ့သူများအား အင်းစိန်မြို့မရဲစခန်း(ပ) ၇၂၆/၂၀၂၂၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)/၅၄ တို့ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်ရုပ်သံနှင့် သတင်းစာများ၌ အောက်တိုဘာလ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊   ၆၆  / ၂၀၂၂

၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်  ၇  ရက်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ   ၁၄  ရက်)

တာဝန်မှအနားယူခွင့်ပြုခြင်း

          ယနေ့ကျင်းပသည့် တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲသည် နိုင်ငံတော် ကချမှတ်ထားသည့် “တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသည့် လူမှုရေးဦးတည်ချက်ပါ ပြဋ္ဌာန်းချက်ကို တပ်မတော်အနေဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းလည်းဖြစ်ကြေ ာင်း၊ နိုင်ငံတော်နှင့် တပ်မတော်အပိုင်းရှိ တာဝန်ရှိသူများက လိုအပ်သည့်ဖြည့်ဆည်းမှုများကို စီမံဆောင်ရွက်ပေးသွားမည် ဖြစ်သကဲ့သို့ တပ်မတော်သားအားကစားသမားများအနေဖြင့်လည်း နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကစားသမားကောင်းစိတ်ဓာတ်အပြင် အဖွဲ့အစည်း အချင်း ချင်း စည်းလုံးညီညွတ်စွာ ပေါင်းစည်းဆောင်ရွက်တတ်ခြင်း စိတ်ဓာတ်များကို မွေးမြူ သွားရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ အဖွင့် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

 (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခုတို့ ရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့  

နေပြည်တော်၊ နိုဝင်ဘာ - ၁၃

                 (၃၀)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-30)ကို နိုဝင်ဘာ ၄ ရက်မှ ၁၁  ရက်ထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာ့တပ်မတော်သေနတ်ပစ်အသင်းမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

                မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းတွင် အသင်းခေါင်းဆောင် ဒုတိယ ဗိုလ်မှူးကြီး သိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ် အားကစားသမား စုစုပေါင်း ၄၂  ဦးတို့ ပါဝင်ခဲ့ကြပြီး ပစ္စတိုအမျိုးသားအသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသားအသင်း၊ ရိုင်ဖယ်အမျိုးသားအသင်းနှင့် စက်သေနတ်အမျိုးသား အသင်းတို့  ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြရာ အသင်းလိုက် အမှတ်ပေးပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု တို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခုဆွတ်ခူးရရှိခဲ့ကာ နိုင်ငံအလိုက် စတုတ္ထအဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် လာအိုတပ်မတော်မှ သေနတ်ပစ်အသင်းအနေဖြင့် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း နည်းတူ ဆုတံဆိပ်ရရှိမှုများ တူညီခဲ့သော်လည်း ရိုင်ဖယ်ပစ်ခတ်စဉ်ပြိုင်ပွဲအမှတ်ပေးပွဲစဉ်(၁)တွင် မြန်မာအသင်းမှ ရမှတ်ပေါင်း ၃၃၅.၁၄ မှတ်ရရှိခဲ့ပြီး လာအိုအသင်းမှ ရမှတ်ပေါင်း ၂၂၀.၀၅ မှတ်သာ ရရှိခဲ့ခြင်းကြောင့် နိုင်ငံအလိုက်အဆင့်သတ်မှတ်ချက် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

                အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် နိုဝင်ဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ

နေပြည်တော်၊ နိုဝင်ဘာ ၁၃

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ပဲခူးတိုင်းဒေသကြီး၊ ဥဿာ မြို့သစ်၊ အမှတ်(၂)ရပ်ကွက်နေ ကျော်ဌေးဦးသည် ၎င်းအသုံးပြုသည့် “Kyaw Htay Oo” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်ရှိ မိုးကောင်း ကျောင်းတိုက်နေသူများဖြစ်သည့် အရှင်အဇ္ဇုန(ခ)ဇော်နိုင်လင်းနှင့် အရှင်ကုသလ(ခ)ထက်ပိုင်စိုးတို့ သည် ၎င်းတို့အသုံးပြုသည့် “Zaw Naing Linn” Facebook အကောင့်နှင့် “Htet Paing Soe” Face book အကောင့်၊ ဧရာ၀တီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ ထော်ပိုင်ရွှေပြည်အေးကျေးရွာနေ စိုးကိုကိုသည် ၎င်းအသုံးပြုသည့် “Soe Ko Ko” Facebook အကောင့်တို့သည် အသိပေးသတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရပါသည်။

            ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ သွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ဧရာဝတီတိုင်းဒေသကြီး၊ ငပုတော မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ နိုဝင်ဘာ - ၁၃

            ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ငပုတောမြို့နယ်ရှိ ပြည်သူ့ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူ ၆၈၉ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

            ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၇၁ ဦး၊ ခွဲစိတ်ရောဂါ ၃၇ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၂၆ ဦး၊ ကလေးရောဂါ ၁၄ ဦး၊ အရိုးရောဂါ ၇၇ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၂၆ ဦး၊ မျက်စိရောဂါ ၁၉၉ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၃၉ ဦး၊ စုစုပေါင်း ၆၈၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၂ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၁ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေး လူနာ ၂၈ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံတက်ရောက်ကု သရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

            ယင်းသို့ဆောင်ရွက်ပေးနေမှုများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ မျက်စိ အတွင်းတိမ်ရောဂါဖြင့် ကုသမှုခံယူနေသည့် လူနာများအား မျက်မှန်များ တပ်ဆင်လှူဒါန်း ပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။