(၇၅)နှစ်မြောက်စိန်ရတုထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုးရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် ချီးမြှင့်သည်။
news
မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏ စိတ်ရင်းကိုဖော်ညွန်းပြသနေသည့် မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်းမုန်းပွဲတော်သည် မြန်မာ တို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှား မြင်တွေ့ရသည့်ပွဲတော်တစ်ခုဖြစ်သည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၃၁၀ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင် ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ် အဖြစ် ထိန်းသိမ်း လက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့အတွင်းသို့ နိုဝင်ဘာလ ၅ ရက် ညနေပိုင်းတွင် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
မြန်မာ့ယဉ်ကျေးမှုဓလေ့နှင့် မြန်မာတို့၏ စိတ်ရင်းကိုဖော်ညွန်းပြသနေသည့် မြန်မာ့ဆယ်နှစ်လရာသီပွဲတော်များအနက် တန်ဆောင်းမုန်းပွဲတော်တွင် မြန်မာ တို့၏ အလှူသဒ္ဓါတရားထက်သန်မှု၊ ဘာသာတရားကိုင်းရှိုင်းမှုတို့ကို အထင်အရှား မြင်တွေ့ရသည့်ပွဲတော်တစ်ခုဖြစ်သည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ် ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ် ဖြစ်သော ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ ကာကွယ်ဆေးထိုးနှံခြင်းကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၆ ရက်တွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ ဒေသခံပြည်သူ ၇၉၉၅ ဦး၊ မန္တလေး တိုင်းဒေသကြီး အတွင်းရှိ ခရိုင်(၇)ခုတို့မှ ဒေသခံပြည်သူ ၁၁၀၄ ဦးတို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။


















