သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ နေပြည်တော်၊ ဇွန် - ၆

Tuesday, June 6, 2023 - 17:15

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

            ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်တွေမြို့သို့ ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်း၍ စစ်တွေမြို့၊ ကားလမ်းတစ်လျှောက်ရှိ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းကြီးများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများနှင့် လိုအပ်သော ကူညီ ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ကံဒိုင်းအောင်ကျေးရွာရှိ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။  

            ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ မောင်တောမြို့ရှိ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

            အလားတူ ရသေ့တောင်မြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်ပူးပေါင်း၍ ရသေ့တောင်မြို့ရှိ သာသနာ့ဗိမ္မာန် ကျောင်း၌ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ 

            ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ငကျင်တောက်ကျေးရွာရှိ လမ်းဘေး ဝဲ/ယာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသည်။

            အလားတူ မြောက်ဦးမြို့သို့ရောက်ရှိနေသော ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နန်တော်ကုန်းရှိ လမ်းဘေး ဝဲ/ယာမှ လဲကျနေသော သစ်ပင်၊ သစ်ကိုင်းခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးပြီး ပေါင်းထုပ်ကျေးရွာရှိ ဒေသခံပြည်သူများ အား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက ကြည့်ရှုအားပေး ကြသည်။

            ထို့ပြင် တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုများအရ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်မှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အထူးဆေးကုသရေးအဖွဲ့သည် စစ်တွေမြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ အခြေပြု၍  နယ်မြေခံ ကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းကာ အမြင့်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။