news

ရမ်းဗြဲမြို့လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတုအဆိပ်ငွေ့သုံး၍ တိုက်ခိုက်ခဲ့ကြောင်း နှင့် မြောက်ဦးမြို့ကို တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့သေ ဆုံးဒဏ်ရာရရှိခဲ့ပြီး နေအိမ် အချို့မီးလောင်ပျက်စီးခဲ့ကြောင်း မဟုတ်မမှန်သတင်းများကို ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဇန်နဝါရီလ ၂၉ ရက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ လူနေရပ်ကွက်များကို တပ်မတော်မှ ဓာတု အဆိပ်ငွေ့ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မဟုတ်မမှန်သတင်းမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

                 မွန်ပြည်နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်ရှိ အောင်ဆန်း ခန်းမ၌ တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄) သို့ တက်ရောက်အမှာစကားပြောကြား

ကျောင်းသား၊ ဆရာမိဘ၊ အုပ်ချုပ်ရေးအဖွဲ့အစည်း အားလုံးအတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှသာ ပညာရေးကောင်းမွန်နိုင်မည်

နေပြည်တော်၊ ဇန်နဝါရီ - ၂၉

          ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ် များက Video Conferencing ဖြင့်တက်ရောက်ကြသည်။

              တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။

              တပ်မတော်တွင် ပဉ္စမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု ဒုတိယနေ့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

            KIA ၊TNLA  အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့်  အုပ်စုဖွဲ့လျက် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများ ရပ်တန့်စေရန် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အများပြည်သူပိုင် အဆောက်အဦများနှင့် အများပြည်သူသွားလာလျက်ရှိသော လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲမီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာမှ ဇန်နဝါရီ ၁၈ ရက်မှ စ၍ မိုးမိတ်မြို့ လုံခြုံရေး စခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး မြို့နှင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေး ကောက်ခြင်း၊ ဆေးရုံနှင့် စာသင်ကျောင်းများ၊ လူနေအိမ်များနှင့် ဌာနဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ခြင်းစသည့် အကြမ်းဖက် အဖျက်အမှောင့်လုပ်ငန်းများကို လုပ်ဆောင်လာခဲ့သည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တပ်မတော်ကွန်ပျူနှင့်နည်းပညာသိပ္ပံ(ဟိုပုံး) ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ(၂၇)ရက် မွန်းလွဲ(၁)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူး ဘုန်းတော်ကြီး ကျောင်းအား သွားရောက်၍ ဆရာတော်ဦးဣန္ဒက ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းပေးကြသည်။

              တပ်မတော်တွင် ပထမအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာခွဲစိတ်ကုသဆောင်ရွက်နိုင်ခဲ့ပါသည်။ အသည်းအစားထိုးခွဲစိတ်ကုသမှု အစီ အစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ် ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသ ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ယခုအခါပဉ္စမအကြိမ်အသည်းအစား ထိုးခွဲစိတ်ကုသမှုအားလူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် မင်္ဂလာဒုံ မြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။