news

          မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မှော်နီကုန်းကျေးရွာကို ယနေ့နံနက် ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          (၇၆)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း ခြင်းအခမ်းအနားကို ဇန်နဝါရီ ၄ ရက်တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ ကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကရင်ပြည်နယ်အတွင်းရှိ အသေးစား ၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအားတွေ့ဆုံ

နေပြည်တော်၊ ဇန် ၂၃

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအား ယနေ့နံနက် ပိုင်းတွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌  သွားရောက်တွေ့ဆုံသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်                                                                                                   

နေပြည်တော် ၊ ဇန်နဝါရီ - ၂၃

          ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်အားကစားပြိုင်ပွဲများတွင် ဆု တံဆိပ် ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်ကဂုဏ်ပြုဆု ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒိ္ဓအားကစားရုံ(B)၌ ကျင်းပ ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် သည်။

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ပြင်စည်ဈေးအား ၂၁ ရက်နေ့ကစ၍ ဖျက်သိမ်းရန် ပဲခူးမြို့စည်ပင်မှပြောကြားခဲ့ပြီး ဈေးဖျက်သိမ်းတဲ့နေရာမှာ လမ်းနှင့်မလွတ်သော နေရာအဆောက်အဦများ ဖျက်ပေးရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာဖြစ်သည့် DVB မှ သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေ နေသည်ကို တွေ့ ရှိရသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ် (၅၀)လုံးထက်မနည်းအား ဇန်နဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တပ်ချထားခြင်းမရှိဘဲ တပ်မတော်က နေအိမ်ရှိပစ္စည်းများဝင်ခိုးပြီး မီးရှို့ ဖျက်ဆီးသည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့် ဝေနေသည်ကို တွေ့ရှိရသည်။

TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူအား ဖြိုချဖျက်ဆီးပြီးဌာပနာထည့်သွင်းပူဇော်ထားသည့် ရတနာများအား ယူဆောင်သွားမှုနှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီးမှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်များထုတ်ပြန်

နေပြည်တော်၊ ၂၀၂၄ ဇန်နဝါရီ - ၂၂

လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည်  ဗုဒ္ဓဘာသာ ဝင်များ ယုံကြည်ကိုးကွယ် ပူဇော်နေသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ ဗုဒ္ဓဆင်းတု တော်များနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများကို ဗုံးများ ပစ်ချ တိုက် ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ဖြိုချဖျက်ဆီးခြင်း၊ ဘုရား၊ စေတီများကို အကာအကွယ်ယူပြီး ခံစစ်စခန်းများပြုလုပ်ခြင်း စသည့် ဗုဒ္ဓဘာသာကိုစော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်။ ယခုတွင်လည်း TNLA အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုးကွယ်ထားသည့် စေတီ တစ်ဆူအား ဘက်ဟိုးဖြင့် ဖြိုချဖျက်ဆီးကာ စေတီအတွင်း ဌာပနာထားသည့် ပစ္စည်းများအား ယူဆောင်သွားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်

ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မမင်းအောင်လှိုင်

“(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသန ညီလာခံဖွင့်ပွဲအခမ်းအနားတွင်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၂၀၀၀ (၂ တန်) ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။