news

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင် ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ် လက်ခံခြင်းများကို မေ ၂၃ ရက်နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့တွင်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီး များ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံ နိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေး ကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်နယ်များ၏ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် တပ်ရင်း/တပ်ဖွဲ့များအား ကြည့်ရှု့စစ်ဆေးပြီး ပြန်လည်တည်ဆောက်ရေးအတွက် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း

နေပြည်တော်  မေ ၂၃

          ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင်ရောက်ရှိနေသော ညှိနှိုင်း ကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေး သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့်  တာဝန် ရှိသူများလိုက်ပါလျှက် ယနေ့နံနက်ပိုင်းတွင် ဘူးသီးတောင်တပ်နယ်ရှိ မုန်တိုင်း သင့်၍ပျက်စီးခဲ့သော နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များရှိ အဆောက်အဦ များအား လိုက်လံကြည့်ရှု့ကာ ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး မှာကြားခဲ့ပြီး အိမ်ထောင်သည်ရဲမေများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ ငွေများ ပေးအပ်ခဲ့သည်။

တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများ

မှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားလျက်ရှိ

နေပြည်တော်  မေ ၂၃

                နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီ တည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၅ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်(ကြည်း)        ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း

(၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ စာအောင် သာသနာ့အာဇာနည် အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့် ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

နေပြည်တော် - မေ  ၂၃

       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာ ရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတုတိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ် အပါး (၁၅၂)ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရဲမွန်တပ်မြို့ရှိ တပ်မတော်ကိုယ်ခံပညာနှင့်အားကစားသိပ္ပံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ကုတင်-၅၀၀) ၌ ဆေးရုံတက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

            ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့အနီးတစ်ဝိုက်၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား KNLA  တပ်မဟာ(၆)မှ အကြမ်းဖက်မှုကို လိုလားသူများက ယနေ့ညနေပိုင်းတွင် လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိ နေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက် လာသူ များကို ဆုကြေးငွေများထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်မှုအား  ၂၀၂၃ ခုနှစ်၊ မေ ၉ ရက်မှ ၁၆ ရက်အထိ သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

            သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်သြဝါဒါစရိယ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကသီတဂူ  ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူ ဆေးရုံတော် များ၏အဓိပတိ သီတဂူဆရာတော်ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ ဆရာတော်ကြီးမှ ရခိုင်ဒေသလေဘေးသင့်ပြည်သူများအတွက် တစ်တင်းခွဲဝင် ဆန်အိတ်ပေါင်း (၁၀၀၀)အိတ် ပေးအပ်လှူဒါန်းပွဲ အလှူတော်ကို ယနေ့မွန်းလွဲပိုင်းကရန်ကုန်မြို့၊ ဗိုလ်အောင်ကျော် ဆိပ်ခံတား၌ပြုလုပ်ရာ သီတဂူဆရာတော်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ နယ်မြေခံရေတပ်ကွပ်ကဲမှုဋ္ဌာနချုပ် ဋ္ဌာနချုပ်မှူး ဗိုလ်ချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။