news

၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန - ၂ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများပေးအပ်ချီးမြှင့်သည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          အကြမ်းဖက်သောင်းကျန်းသူများသည် ပြည်သူလူလု၏ လူမှုစီးပွားဘဝ ထိခိုက်စေရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်အတွက် စစ်ရေး ပစ်မှတ်မဟုတ်သည့် နိုင်ငံတော်ပိုင်အဆောက်အဦများ၊ အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊ မြို့၊ရွာများ၊ ပညာရေးကျောင်းများ၊ သာသနိက အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည့်အပြင် ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားပေး တာဝါတိုင်များ၊ စက်ရုံများကို ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ကျောက်တံခါးဘူတာမှ ထွက်ခွာလာသော အမှတ်(၆)အစုန် ရန်ကုန်-မန္တလေး လူစီး အမြန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ကျောက်တံခါးဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြားသို့ ယနေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်တွင် မိုင်တိုင်အမှတ်၊ ၁၀၄/၁-၁၀၃/၂၄ အရောက် တံတားအမှတ်(၁၄၆)နှင့် (၁၄၇)အနီး တို့၌ ရထားလမ်းအား အကြမ်းဖက် သောင်းကျန်းသူ KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူတို့၏ မိုင်းခွဲဖျက်ဆီး ထားခြင်းကြောင့် ရထားသံလမ်းပြတ်တောက်ပျက်စီးနေ၍ ရထားစက်ခေါင်းနှင့်အတူ လူစီးတွဲ(၃)တွဲ လမ်းချော်ကျမှု ဖြစ်ပွားခဲ့သည်။

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

အများပြည်သူအနေဖြင့် မကြာမီစက်သုံးဆီပြတ်လတ်မည်ဆိုသည့် လူမှုကွန်ယက် များတွင် လတ်တလောဖြစ်ပေါ်နေသည့် ကောလဟလသတင်းများကြောင့် စိုးရိမ်ပူပန် မှုဖြင့် ပုံမှန်သုံးစွဲမှုပမာဏထက် ပိုမိုဝယ်ယူကြခြင်း၊ မတော်လောဘဖြင့် စက်သုံးဆီ အရောင်းဆိုင်များတွင် အခေါက်ခေါက်အခါခါတန်းစီ၍ ထုတ်ယူပြီး တစ်ဆင့် ပြန်လည် ရောင်းချခြင်းများကြောင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီအရောင်းဆိုင် အချို့တွင် ဖြည့်တင်းပေးနိုင်မှုစွမ်းအား ကျော်လွန်သည်အထိ စက်သုံးဆီများကို ဝယ်ယူလျက်ရှိရာ စက်သုံးဆီဖြည့်တင်းသည့် ဆီတင်ယာဉ်(Bowser)များ မရောက်ရှိမီ ခေတ္တအချိန်ပိုင်း အရောင်းရပ်ဆိုင်းရသည့်အခြေအနေအချို့ ဖြစ်ပေါ်ခဲ့ပါသည်။

        တရုတ်နိုင်ငံအကူအညီဖြင့် MNDAA၊ TNLA၊ AA အဖွဲ့များနှင့်နိုင်ငံ ရေးအရဖြေရှင်း ဆောင်ရွက်နိုင်ရန်တွေ့ဆုံဆွေးနွေးမှုများကို အနောက် နိုင်ငံထောက်ပံ့ပေးထားသည့် မီဒီယာများမှ အဖျက်သဘောဆောင်သည့် ထုတ်လွှင့်နေမှုများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား NUG၊ PDF များမှ ၎င်းတို့ထံ ရောက်ရှိလာစေရေး ခြိမ်းခြောက် စည်းရုံး နေမှုများ၊ ၁၂-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန် ဒေသနှင့် စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်တို့တွင်ထိတွေ့တိုက်ပွဲဖြစ် ပွားမှုအခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ် ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများနှင့် တွေ့ဆုံခဲ့ ရာတွင် ဒေသခံပြည်သူများ၏ သားသမီးများအား ပညာရေး၊ ကျန်းမာ ရေးလုပ်ငန်းများအတွက် အဓိကထားဆောင်ရွက်နေမှုတို့နှင့်  ပတ်သက် ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်-