ရေးမြို့နယ်အတွင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန် မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ နေပြည်တော်၊ ဇူလိုင် ၉ ရက်

Tuesday, July 9, 2024 - 08:00

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရေးမြို့၊ ရန်မျိုးအောင်ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ၊ ပညာ့ဗိမာန် ခန်းမ၌ ပြုလုပ်ခဲ့ပြီး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်နယ် မှ တာဝန်ရှိသူများ ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများမှ အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ၊ ကျောင်းသား/သူ များ  တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သုတ၊ရသ စာအုပ်၊စာ‌စောင်များပေးအပ် လှူဒါန်းခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ၊ ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဆုများပေးအပ် ချီးမြှင့်ခြင်း၊ ကျောင်းသား/ သူများက "ဇာတိမာန် "သီချင်းဖြင့် ဂုဏ်ပြုသီဆို ဖျော်ဖြေခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်း ပြသထားသော စာအုပ် ၊ စာစောင်များ ၊ ဆုရကျောင်းသား/သူများ၏ ပြိုင်ပွဲဝင် ပန်းချီကားများ ၊ ပြိုင်ပွဲဝင် ကျောင်းသား/သူများ၏ပန်းချီကားများအား လှည့်လည် ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။