မော်လိုက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား ကူညီရွှေ့ပြောင်း နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၉ ရက်

Tuesday, July 9, 2024 - 08:00

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်နှင့် မော်လိုက်မြို့နယ်တို့အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  မော်လိုက်မြို့နယ်၊ ကျောက်တောင်ရပ်ကွက်၊ တံတားဦးရပ်ကွက်၊ ကျောက်မြောင်းရပ်ကွက်၊ အောင်မင်္ဂလာရပ်ကွက်၊ သရက် ကုန်းရပ်ကွက်၊ စွယ်တော်ရပ်ကွက်၊ ညောင်ပင်သာရပ်ကွက်၊ တွန်းပင်ကျေးရွာနှင့် တိန်းသာကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးလွတ်ရာ ကယ်ဆယ်ရေး စခန်းများသို့ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။