ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၃ / ၂၀၂၄ )
၁၃၈၆ ခုနှစ် ၊ ဝါဆိုလဆန်း ၁၀ ရက်
( ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ ၁၅ ရက် )
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ရပ်ကွက်၊ မဟော်ဂနီလမ်း၊ အမှတ် (၂/၂/၂၃၂) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ၏ မှတ်ပုံတင်အမှတ်မှာ ( ၅၀ ) ဖြစ်ပါသည်။
( ပုံ ) ကိုကို
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်