ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ   ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် နေပြည်တော်၊ ၂၀၂၄ ဇူလိုင် ၁၄ ရက်

Sunday, July 14, 2024 - 11:45

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချင်းတွင်း မြစ်ရေမြင့်တက်ကာ ခန္တီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့ မြစ်ရေ ဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နယ်မြေခံတပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  ခန္တီးမြို့နယ်အတွင်းရှိ ပေါမိုင်းရပ်ကွက်၊ အခြေခံ ပညာအထက်တန်းကျောင်း(ခန္တီး)၊ ဇီးဖြူကုန်းရပ်ကွက်၊ အခြေခံပညာအလယ်တန်း ကျောင်း(ဇီးဖြူကုန်း)၊ နာဂရိုးရာကွင်း၊ ဇေယျသုခဘုန်းတော်ကြီးကျောင်း၊ နှစ်ချင်း ခရစ်ယာန် အသင်းတော်ခရစ်ယာန်ကျောင်း၊ ဆင်သေကျေးရွာ၊ အမှတ်(၄)ရပ်ကွက် နှင့် နန်းမုံ ကျေးရွာတို့ရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ဖွယ်ရာများနှင့် သောက်ရေသန့်များ ထောက်ပံ့ပေးအပ်ကာ လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။