၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးစိုက် တောင်သူများအား သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်း ဒေသကြီး ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာရှိ တောင်သူဦးကျော်ရွှေ၏ မိုးစပါး(ဆင်းသုခ) စိုက်ခင်း ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန တို့မှ တာဝန်ရှိသူများနှင့် မိုးစပါးစိုက် တောင်သူ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိုးစပါး အရည်အသွေး ကောင်းမွန်စေရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ် ၍ နည်းစနစ်တကျ စိုက်ပျိုးသွားရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားပြီး မိုးစပါးစိုက် တောင်သူ များကို သွင်းအားစုများ ပေးအပ်သည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများက ကောက် စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် သရုပ်ပြစိုက်ပျိုးခြင်းတို့ကို လက်တွေ့သရုပ် ပြသကြသည်။
ယနေ့ အခမ်းအနားတွင် အူကျွန်းကျေးရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စု (၃၀)မှ တောင်သူ(၄၀၇)ဦး၏ လယ်မြေဧက (၃၅၀၀)အတွက် သွင်းအားစုများဖြစ်သည့် ကောမတ်(Comet)၊ ကောမတ်ဗိုက်တာ(COMET VITA)၊ ဒိုလိုမိုက်(DOLOMITE) မြေဩဇာများ ပေးအပ်ခဲ့ကြောင်းနှင့် ဝါးခယ်မမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးသည့် တောင်သူ(၃၈၁၃၁)ဦး၊ လယ်မြေ(၂၁၃၂၁၆)ဧက အနက် သွင်းအားစုများ ထုတ်ယူအသုံးပြုသည့် တောင်သူ(၁၄၇၅)ဦး၊ လယ်မြေ(၁၂၅၀၀)ဧက ရှိကြောင်း သတင်းရရှိသည်။