news

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ကျေးရွာရှိနေအိမ်များ မီးရှို့ခံရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားမှုဖြစ်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရပါသည်။

                 ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ မြို့ရှိ ခေမာသီဝံပရိယတ္တိစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြိုပေါ်ရပ်ကွက်နှစ်ခုရှိ အမျိုးသား ၉ ဦးကို စစ်မှုထမ်းဆောင်ရန် ဧပြီလ ၂၉ ရက်နေ့ညတွင် တပ်မတော်က နေအိမ်အထိ လိုက်လံ ဖမ်းဆီးသွားသည်ဟု သတင်းအမှားများကို ပြည်ဖျက်မီဒီယာများက ရေးသားဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

                 ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန် နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ်သင်တန်းဖွင့်ပွဲများကို ဧပြီ ၂၂ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ 

          ယနေ့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း မလွှကုန်း-မြစ်ငယ် ခရီးစဉ်အတိုင်း ထွက်ခွာလာသည့် အမှတ်(၉၀၁)အဆန်ကုန်ရထားသည် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာမှ နံနက် ၅ နာရီ ၁၅ မိနစ်တွင်ဖြတ်သန်းထွက်ခွာခဲ့ရာ ကညွတ်ကွင်း ဘူတာနှင့် ညောင်ပင်သာဘူတာအကြားမိုင်တိုင်အမှတ်၊၁၂၅/၁-၄ အတွင်းရထားမဖြတ်သန်းမီ အချိန်က သောင်းကျန်းသူအဖွဲ့၏ရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း ခံထားရ သဖြင့် ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားစက်ခေါင်းအပါအဝင် စက်ခေါင်းမောင်းနာနေတွဲနှင့်ကုန်တွဲ တွဲလွတ်(၃)တွဲ စုစုပေါင်းစက်ခေါင်းနှင့်တွဲ(၄)တွဲတို့ လမ်းချော်ကျမှုဖြစ်ပွားခဲ့သည်။  အဆိုပါ ဖြစ်စဉ်ကြောင့် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသွား ပြည်သူ(၂၈၈)ဦး လိုက်ပါလာသည့် အမှတ်(၁၁)အဆန် လူစီးအမြန်ရထားသည် ကျောက်တန်း ဘူတာသို့ နံနက် ၇ နာရီ ၉ မိနစ်အချိန် ရောက်ရှိပြီး ၈နာရီခွဲအချိန်တွင် ရန်ကုန်ဘက်သို့ လည်းကောင်း၊ မန္တလေးမှ ထွက်ခွာလာသည့် ခရီးသွားပြည်သူ(၁၇၄)ဦးလိုက်ပါလာသော အမှတ်(၁၂)အစုန်လူစီးအမြန်ရထားသည် မြစ်သားသို့ နံနက် ၆ နာရီ ၆ မိနစ်အချိန်တွင် ရောက်ရှိပြီး ၈ နာရီ ၂၅ မိနစ် အချိန်တွင် မန္တလေးဘက်သို့ လည်းကောင်းအသီးသီး ပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့ရသဖြင့် ခရီးသည်များအား ခရီးဆုံးထိ ပို့ဆောင်နိုင်ခြင်း မရှိတော့ဘဲ အဆိုပါလူစီးအမြန် ရထား(၂)စင်းအား ယာယီဖျက်သိမ်းခြင်းပြုလုပ်ခဲ့ရပါသည်။

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်း များ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက် အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

မြန်မာနှင့်ထိုင်းလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်ရန်အတွက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် ဦးဆောင်သော တပ်မတော်(လေ)ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းဘုရင့် လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul ၏ ဖိတ်ကြားချက်အရ   ချစ်ကြည်ရေးခရီးသွားရောက်ရန် ဧပြီ ၃၀ ရက် ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

နိုင်ငံတော်ဘဏ္ဍာငွေအသုံးပြု၍ ဆောင်ရွက်ရသည့် စာအုပ်စာစောင်များ ပုံနှိပ်ခြင်း ကို အစိုးရပိုင်ပုံနှိပ်စက်များတွင် စနစ်တကျအပ်နှံလုပ်ဆောင်ရေးအတွက် အစိုးရ ဆိုင်ရာ ပုံနှိပ်လုပ်ငန်းများစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀  နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်း ပသည်။