မဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲများကို တိုင်းစစ်ဌာနချုပ်များတွင် ကျင်းပ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်နှင့် ယနေ့တို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တက်ရောက် လာကြသူများက သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးများနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

















































