(၃၁)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ ပဥ္စမနေ့ဆက်လက်ကျင်းပ  နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

Wednesday, February 19, 2025 - 18:45

နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက်တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ (က) အဆင့်နှင့် (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြ ကွင်း၌ ဆက်လက်ကျင်းပသည်။

ပြိုင်ပွဲတွင် (က) အဆင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်တီးဝိုင်း အသင်း၊ (ခ)အဆင့်ပြိုင်ပွဲတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်းအသင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၂) စစ်တီးဝိုင်း အသင်းနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁) စစ်တီးဝိုင်း အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါစစ်တီးဝိုင်းပြိုင်ပွဲယှဉ်ပြိုင်နေမှု့များကို တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ ၊ပြိုင်ပွဲဝင် အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှု့အားပေးခဲ့ကြကြောင်း သတင်းရရှိ သည်။