ကနီမြို့နယ်ရှိ ကူးတို့ဆိပ်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့သဖြင့်  သံဃာတော် ၁ ပါး နှင့် ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့်ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ကြောင်းမဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၁၈

Tuesday, February 18, 2025 - 18:30

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၊ မုဌောအရှေ့ရွာရှိ ချင်းတွင်းမြစ်ကူးတို့ဆိပ် ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  သံဃာတော် ၁ ပါးနှင့် ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရပြီး ကားနှင့်ဆိုင်ကယ်များ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ ကြောင်း သိရှိရသည်။

  အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံများအား ဆက်သွယ်မေးမြန်းချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများသွားလာ နေထိုင်လျက်ရှိသည့် နေရာများအား ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းသိရှိရသည်။

အကြမ်းဖက်သမားများအနေဖြင့် အလုံးစုံပျက်စီးစေလိုသောရည်ရွယ်ချက်ဖြင့် လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ အရေး ပါသည့် ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ် တာဝါတိုင်များအား ဖောက်ခွဲဖျက်ဆီးနှင့် ပြည်သူများ သွားလာလှုပ်ရှားနေထိုင်လျက်ရှိသည့် လူစည်းကားသည့်နေရာများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲ ခြင်းများဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သိရှိရသည်။