ဂန့် ဂေါမြို့၊ အနောက်ဂန့်ဂေါကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ဒရုန်းဖြင့် ဗုံးကြဲခြင်းကြောင့် ပြည်သူများသေဆုံး၊ထိခိုက်ဒဏ်ရာရရှိကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၁၇

Monday, February 17, 2025 - 16:30

          မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အနောက်ဘက် အနောက်ဂန့်ဂေါကျေးရွာကို လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဒရုန်းဖြင့်ဗုံးကြဲခြင်းကြောင့် ပြည်သူများသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများနေထိုင်ရာ ကျေးရွာ များအား အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးခြင်းမရှိသည့် နယ်မြေများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ် များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုက အထင်အမြင်လွဲမှားစေရန် လူမှုကွန်ရက်မှတဆင့် အခြေအမြစ်မရှိသည့် ဓာတ်ပုံများကိုအသုံးပြု၍ သတင်းအမှားများဖြင့်  လုပ်ကြံရေးသားဝါဒဖြန့်ဝေခြင်းဖြစ်ကြောင်း သတင်းရရှိ သည်။