(၃၁)ကြိမ်မြောက်တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲစတုတ္ထနေ့ ဆက်လက်ကျင်းပ နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၁၈

Tuesday, February 18, 2025 - 18:15

နှစ်(၈၀)ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁)ကြိမ်မြောက် တပ်မတော် (ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းပြိုင်ပွဲ(က)အဆင့်နှင့် (ခ)အဆင့်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။

(က)အဆင့်ပြိုင်ပွဲတွင် စစ်တက္ကသိုလ် စစ်တီးဝိုင်းအသင်း၊ (ခ)အဆင့် ပြိုင်ပွဲတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုယ်စားပြု အမှတ်(၁)စစ်တီးဝိုင်းအသင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုစစ်တီးဝိုင်းအသင်း၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် ကိုယ်စားပြု အမှတ်(၂)စစ်တီးဝိုင်းအသင်းတို့ ယှဉ်ပြိုင် ခဲ့ကြသည်။                           

အဆိုပါ စစ်တီးဝိုင်းပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို တပ်မတော်(ကြည်း၊ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဖိတ်ကြားထားသူများ ကြည့်ရှု့အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။